Latest News

Tuesday, January 30, 2018

သီပေါမြို့မရဲစခန်းနယ်မြေတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

သီပေါမြို့မရဲစခန်းနယ်မြေတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

သီပေါ    ဇန်နဝါရီ     ၃၀

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မရဲစခန်းနယ်မြေတွင် ဇန်နဝါရီ ၂၈ ရက် နံနက် ၉ နာရီခန့်တွင် ထုံးအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်မောင်းနှင်လာသည့်ယာဉ်တစ်စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့ကြာင်း သိရသည်။

ဖြစ်စဉ်မှာ သီပေါမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် သက်သေများပါဝင်သော ပူးပေါင်းအဖွဲ့သည်သီပေါမြို့အဝင်တိုးဂိတ်၌ ပိတ်ဆို့စစ်ဆေးရှာဖွေမှုများပြုလုပ်နေစဉ် ယာဉ်တစ်စီးမှာ နောက်သို့ပြန်လှည့်ထွက်ပြေးသွားသည်ကို တွေ့မြင်လိုက်သဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ မန္တလေး-လာရှိုးကားလမ်း တွန်ခေါ့ကျေးရွာအနီး၌ မန္တလေးမှ လာရှိုးဘက်သို့ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၄)နေလင်းအောင်(၃၈ နှစ်) မောင်းနှင်ပြီး မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်နေ ဇော်မင်းအောင်(၃၀ နှစ်) လိုက်ပါလာသော 1I / ---- FOTON (6) ဘီးအဖြူရောင်ယာဉ်အား ဖမ်းဆီးရမိခဲ့ပြီး ယာဉ်ပေါ်၌ ထုံးအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် တရားမဝင်တမလန်သစ်ဓားရွေတုံး ၄၉ တုံး(၂ ဒသမ ၅၀၂ တန်)အားေ တွ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့နှစ်ဦးအား သီပေါမြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ကျော်ကျော် (မလှိုင်)မြန်​မာ့အလင်း

No comments:

Post a Comment