Latest News

Friday, January 26, 2018

မော်ကျွန်း-စော်ကဲမြစ်ကူးတံတားစတင်ဆောက်လုပ်

မော်ကျွန်း-စော်ကဲမြစ်ကူးတံတားစတင်ဆောက်လုပ်

မော်လမြိုင်ကျွန်း ဇန်နဝါရီ ၂၆

ဧရာဝတီတိုင်းဒေသကြီးမှ မြန်မာပြည်အရပ်ရပ်သို့  ဆက်သွယ် သွားလာနိုင်သော အရေးပါသည့် မော်လမြိုင်ကျွန်းမြို့နယ် စော်ကဲမြစ်ကူးတံတားကို တံတားတည်ဆောက်ရေး အဖွဲ့ အမှတ်(၂) ညွှန်ကြားရေးမှူး ဦးဌေးဦးနှင့် အင်ဂျင်နီယာ အဖွဲ့တို့က ၂ဝ၁၇ ခုနှစ် ဇူလိုင် ၁ ရက်မှ စတင်ဆောက်လုပ်လျက် ရှိရာ ဇန်နဝါရီ ၂၄ ရက်က စော်ကဲမြစ်ကူးတံတားအား စက် ယန္တရားများဖြင့် တည်ဆောက်ရေးလုပ်ငန်းခွင် ဆောင်ရွက် လျက်ရှိသည်။

ယခုလက်ရှိအနေဖြင့် မော်လမြိုင်ကျွန်းမြို့မှ ပုသိမ်မြို့သို့ သွားရောက်လျှင် မအူပင်လမ်းဆုံမှတစ်ဆင့် ပုသိမ်မြို့သို့ သွားရောက်လျက်ရှိရာ မိုင် ၁၅ဝ ခန့် ကွာဝေးပြီးမော်လမြိုင်ကျွန်း မြို့နယ် စော်ကဲမြစ်ကူးတံတားနှင့် ကျွန်းပြာသာဒ်မြစ်ကူးတံတား များ ဆောက်လုပ်ပြီးစီးသွားပါက ပုသိမ်မြို့သို့ ခရီးထက်ဝက်ခန့် မိုင် ၇ဝ ကျော် သက်သာသွားမည်ဖြစ်သည်။

ယင်းစော်ကဲမြစ်ကူးတံတားသည် မော်လမြိုင်ကျွန်းမြို့နှင့် တစ်ဆက်တည်း ဂျုံးဂျုံးကျချောင်းကူးတံတားမှ သုံးမိုင်ကျော် ကွာဝေးသော နေရာတွင် တည်ရှိပြီး စော်ကဲရွာမနှင့် မြို့ချောင်း ကျေးရွာကို ဖြတ်သန်းဆောက်လုပ်သည့်  မြစ်ကူးတံတား  ဖြစ်ရာ  မော်လမြိုင်ကျွန်းမြို့မှ မြန်မာပြည်အရပ်ရပ်သို့ သွားရောက်နိုင်သည့် အဓိကအရေးပါသော မြစ်ကူး တံတားဖြစ်သည်။

အဆိုပါတံတားသည် အရှည်ပေ ၂၄၆ဝ၊ အကျယ် ပေ ၃ဝ၊ ကားလမ်း အကျယ် ၂၄ ပေ၊ ရေလမ်းကင်း လွတ်အမြင့် ပေ ၄ဝ၊ လူသွားလမ်းတစ်ဖက် သုံးပေစီ ရှိပြီး သံကူကွန်ကရစ် သံပေါင်အမျိုးအစား မြစ်ကူး တံတားဖြစ်ပြီး ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် တည်ဆောက်ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း သိရ သည်။                             မော်ကျွန်း-မြင့်အောင်(မြန်​မာ့အလင်း)

No comments:

Post a Comment