Latest News

Friday, January 26, 2018

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်းများသို့ ချေးငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်းများသို့  ချေးငွေများပေးအပ်

ပုသိမ် ဇန်နဝါရီ ၂၆

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းများသို့ အသေးစားချေးငွေ၊ လယ် ယာမြေအဆင့်မြှင့်တင်ခြင်းချေးငွေ၊ လယ်ယာသုံးစက်ကိရိယာအတွက်ချေးငွေနှင့် မျိုးစေ့ထုတ်လုပ်ရေး သမ ဝါယမအသင်းသို့  ချေးငွေများပေးအပ်ပွဲကို ပုသိမ်မြို့ရှိ သမဝါယမသင်တန်းကျောင်း၌ ဇန်နဝါရီ တတိယပတ် အတွင်းက ကျင်းပသည်။

ချေးငွေပေးအပ်ပွဲတွင် တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်း အင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက တိုင်းဒေသကြီးအတွင်း သမဝါယမအသင်း ပေါင်း ၇၃၁၂  သင်း  ဖွဲ့စည်းထားပြီး  အသင်းသား ၆၇၆၆၅၄ ဦးရှိကြောင်း၊ သမဝါယမဦးစီဌာနအနေဖြင့် လုပ်ငန်းစဉ် ( ၈) ရပ်ကို အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိကြောင်း၊ အသင်းသားများအနေဖြင့် မိမိတို့ ရရှိသော ချေးငွေအထောက်အပံ့များကို အကျိုးရှိစွာ သုံးစွဲရန်၊ သမဝါယမ တာဝန်ရှိသူများအနေဖြင့် အများပိုင်ငွေကြေးနှင့်ပစ္စည်းများ မဆုံးစေရေးအတွက် စနစ် တကျ ဆောင်ရွက်ကြရန် စသည်ဖြင့် အမှာစကားပြော ကြားသည်။

ထို့နောက် ဝန်ကြီးနှင့်  တာဝန်ရှိသူများက  ခရိုင် အလိုက် အသေးစားအရင်းအနှီးချေးငွေ၊ လယ်ယာမြေအဆင့်မြှင့်တင်ခြင်းချေးငွေ၊ လယ်ယာသုံးစက်ကိရိယာ အတွက် ချေးငွေနှင့် မျိုးစေ့ထုတ်လုပ်ရေး ချေးငွေများကို သမဝါယမအသင်းများမှ တာဝန်ရှိသူများထံ ပေးအပ်ခဲ့ သည်။
သမဝါယမအသင်းများနှင့်  အသင်းသားများသို့ ချေးငွေများထုတ်ပေးမှုမှာ အသေးစားအရင်းအနှီးချေး ငွေ ကျပ် ၉၁၅ဝ၈ ဒသမ ၃၈၇ သန်း၊ လယ်ယာမြေအဆင့် မြှင့်တင်ခြင်းချေးငွေ ကျပ် ၉၄၇ ဒသမ ၈ သန်း၊  လယ် ယာသုံးစက်ကိရိယာ ၅၆၈ စီးအတွက် ချေးငွေ ၂၁၃ဝ ဒသမ ဝ၉၈ သန်းနှင့် မျိုးစေ့ထုတ်လုပ်ရေးချေးငွေ ကျပ် ၄၈၅ ဒသမ ၄ သန်းဖြစ်ကြောင်း သိရသည်။မောင်မောင်မြင့် (ပြန်/ဆက်)

No comments:

Post a Comment