Latest News

Friday, January 26, 2018

ဒီအမှုနဲ့ ပတ်သက်လို့ မည်သူတစ်ဦးတစ်ယောက်ကမှ မိမိရဲ့ ထင်ပေါ်ကျော်ကြားမှု စတဲ့ ကိုယ်ကျိုးအတွက် အသုံးမချသင့်ပါဘူး

ဒီအမှုနဲ့ ပတ်သက်လို့ မည်သူတစ်ဦးတစ်ယောက်ကမှ မိမိရဲ့ ထင်ပေါ်ကျော်ကြားမှု စတဲ့ ကိုယ်ကျိုးအတွက် အသုံးမချသင့်ပါဘူး

ဒုတိယ၀န်ကြီး ဦးအောင်လှထွန်း

နေပြည်တော်   ဇန်နဝါရီ    ၂၆

ရခိုင်ပြည်နယ်ဆိုင်ရာ  အကြံပြုချက်များအပေါ်  အကောင် အထည်ဖော်ရေးကော်မတီ၏  အကြံပေးအဖွဲ့မှ  အဖွဲ့ဝင်တစ်ဦး ဖြစ်သူ  Governor   Bill Richardson   နုတ်ထွက်သွားခဲ့မှု နှင့် ပတ်သက်၍   သတင်းထုတ်ပြန်ချက်တစ်ရပ်ကို   နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ဇန်နဝါရီ ၂၅ ရက်တွင် ထုတ်ပြန် ခဲ့သည်။
မထီမဲ့မြင်ပြုမှုမျိုး သက်ရောက်သွားနိုင်
Governor  Bill  Richardson နုတ်ထွက်သွားမှု           နှင့်   ပတ်သက်၍  ပြန်ကြားရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးအောင်လှထွန်းအား သတင်းထောက်များက    သဘောထား မေးမြန်းခဲ့ရာ ဒုတိယဝန်ကြီးက   '' Mr.  Bill Richardson   က    သူပါဝင်ခဲ့တဲ့ အကြံပေးအဖွဲ့ကို    အပ်နှင်းထားတဲ့ လုပ်ပိုင် ခွင့်ပြင်ပကကိစ္စတစ်ခုကို  လျှို့ဝှက်ယူလာခဲ့တာကို   ကျွန်တော် စိတ်မကောင်းဖြစ်မိပါတယ်၊  တကယ်တမ်းပြောရရင်  ကျွန်တော် နားလည်ထားသလောက်    တရားရုံးတော်က ကြားနာစစ်ဆေး နေတဲ့  ဒီလိုအမှုကိစ္စမျိုးကို  ကိုင်တွယ်ဖို့   အခွင့်အာဏာဟာ     နိုင်ငံတော်သမ္မတကြီးတစ်ဦးတည်းမှာပဲ   ရှိပါတယ်၊  အခြား သူတွေအတွက်ကတော့    တရားရုံးကို   မထီမဲ့မြင်ပြုမှုမျိုး သက်ရောက်သွားနိုင်ပါတယ်၊  ဒီအမှုနဲ့    ပတ်သက်လို့  မည်သူတစ်ဦးတစ်ယောက်ကမှ  မိမိရဲ့ ထင်ပေါ်ကျော်ကြားမှု စတဲ့  ကိုယ်ကျိုးအတွက်   အသုံးမချသင့်ပါဘူး'' ဟု  ဖြေကြား သည်။
ပြောင်းပြန်ဆိုးကျိုးတွေ  ဖြစ်ပေါ်တတ်
''ဒီအမှုနဲ့   ပတ်သက်လို့  အစိုးရအပေါ်မှာ ဖိအားပေးမှု မလုပ်ဖို့   အားလုံးကို  ကျွန်တော်  မေတ္တာရပ်ခံလိုပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့    ဖိအားပေးမှုတွေဟာ  တစ်ခါတစ်ခါ   ပြောင်းပြန်ဆိုးကျိုးတွေ  ဖြစ်ပေါ်တတ်ပါတယ်'' ဟု  ဒုတိယ ဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရှိရသည်။ သတင်းစဉ်

No comments:

Post a Comment