Latest News

Thursday, January 4, 2018

ယနေ့ပို့ မနက်ဖြန်ရောက် ပြည်တွင်းအမြန်ချောပို့ ဝန်ဆောင်မှုသစ် တိုင်းဒေသကြီး သုံးခုစတင်

ယနေ့ပို့ မနက်ဖြန်ရောက် ပြည်တွင်းအမြန်ချောပို့  ဝန်ဆောင်မှုသစ် တိုင်းဒေသကြီး သုံးခုစတင်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ယနေ့ပို့   မနက်ဖြန်ရောက် ပြည်တွင်း အမြန်ချောပို့  ဝန်ဆောင်မှုသစ်အား ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ  ၁ ရက်မှစတင်၍ နေပြည်တော်၊   ရန်ကုန်နှင့် မ္တလေးမြို့ တို့တွင်    ဝန်ဆောင်မှုသစ်ဖြင့်    စတင်           ဝန်ဆောင်မှုပေးပြီဖြစ်ကြောင်း   သိရ သည်။

နေပြည်တော်တွင်   အစိုးရဌာန      အားလုံးနှင့် မြို့မဈေး၊ သပြေကုန်းဈေး၊ မ္တလေးတွင် အောင်မြေသာစံ၊ ချမ်းအေး သာစံ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊မဟာအောင်မြေနှင့်  အမရပူရနှင့် ရန်ကုန်တွင်  ရန်ကုန်စာတိုက်ကြီးနှင့်  စာရွေးစာပို့ (ရန်ကုန်)ကို ဗဟိုပြု၍ မော်တော်ဆိုင်ကယ်များဖြင့်  ဇုန်အဖွဲ့ငါးဖွဲ့က   မြို့နယ်                  အလိုက်   စာတိုက်များသို့ ချောပစ္စည်းများကို ပို့ဆောင်သွားမည်ဖြစ်ပြီး Delivery  Monitoring  System စနစ်ဖြင့်ပေးပို့သောDEMS Walking, Online Express, Online VPP, Online VPL အမြန်ချော၊ VPP, VPLများ           အား  တိုက်ရိုက်ပေးဝေမည့်နေရာများသို့  တစ်နေ့ နှစ်ကြိမ်  ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

     ပြောင်းလဲလာသောခေတ်နှင့် အညီ  ပြည်သူတို့၏ လိုအပ်ချက်ကို ဝန်ဆောင်မှု      အသစ်ဖြင့်  ဆောင်ရွက်ခြင်းဖြစ်ပြီး Online မှ  မှာယူသုံးစွဲသော ပစ္စည်းများ  လျင်မြန် လွယ်ကူစွာ အသုံးပြုနိုင်စေရန်နှင့် မြန်မာ့စာတိုက်လုပ်ငန်း ခေတ်မီဖွံ့ဖြိုးတိုးတက်မှု နှင့်အတူ ဝင်ငွေတိုးတက်ရရှိစေရန် နှစ်သစ်တွင် စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လူတိုင်းအတွက်  မြန်မာ့စာတိုက် (Myanmar   Post   For  Everyone)  ဟူသော ဆောင်ပုဒ်နှင့်အညီ ယနေ့ပို့ မနက်ဖြန်ရောက်စနစ်ဖြင့်Special  Delivery ဖြစ် သည့် အထူးစာဝေလုပ်ငန်းဖြင့်  ဝန်ဆောင်မှုသစ်ကို   စတင်ဆောင်ရွက်ခြင်းဖြစ်     ကြောင်း သိရသည်။ သန်းထိုက်(လှိုင်သာယာ)မြန်​မာ့အလင်း

No comments:

Post a Comment