Latest News

Thursday, January 4, 2018

မျိုးသုဉ်းလုနီးပါးအ္တရာယ်ရှိသော မျိုးစိတ်အဖြစ် စာဝါကျားငှက်မျိုးစိတ်ကို သတ်မှတ်

မျိုးသုဉ်းလုနီးပါးအ္တရာယ်ရှိသော မျိုးစိတ်အဖြစ်
စာဝါကျားငှက်မျိုးစိတ်ကို သတ်မှတ်

မြန်မာနိုင်ငံတွင် ဆောင်းခိုငှက်အဖြစ်  တွေ့ရှိရသော  စာဝါကျားငှက် (Yellow-breasted Bunting)  မျိုးစိတ်ကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလတွင် မျိုးသုဉ်းလုနီးပါး အ္တရာယ်ရှိသော(Critically Endangered) မျိုးစိတ်အဖြစ် တိုးမြှင့်သတ်မှတ်လိုက် ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)မှ သိရသည်။
အဆိုပါ  ငှက်မျိုးစိတ်ကို  တစ်က္ဘာလုံးအတိုင်းအတာဖြင့် ၂ဝဝ၄ ခုနှစ်တွင် အကောင်ရေ နှစ်သိန်းခန့် တွေ့ရှိနိုင်သော်လည်း ၂ဝ၁၇ ခုနှစ်တွင် အကောင်ရေ ၁၂ဝ မှ ၆ဝဝ ကြားသာ တွေ့နိုင်တော့ကြောင်းThe IUCN  Red List  တွင်လည်း ထုတ်ပြန်ထားကြောင်း သိရသည်။

စာဝါကျားငှက်(Yellow-breasted Bunting)  မျိုးစိတ်ကို  ၂ဝ၁၇ ခုနှစ် အတွင်း  မြန်မာနိုင်ငံ၌ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ၆၁ ကောင်၊ ပုဂံတွင် ၁ဝ ကောင်ကျော် မှတ်တမ်းတင်ထားနိုင်ပြီး အင်းလေး၊  အင်းတော်ကြီး၊  ကလောနှင့်  အခြားဒေသအချို့တွင်လည်း တွေ့ရှိနိုင်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာ နိုင်ငံ အစီအစဉ်)၏ မှတ်တမ်းများအရ သိရသည်။

စာဝါကျားငှက်(Yellow-breasted Bunting)  မျိုးစိတ်ကို ၂ဝ၁၃ ခုနှစ်မှစ၍ မျိုးသုဉ်းရန် အ္တရာယ်ရှိသော မျိုးစိတ် (Endangered) အဖြစ် သတ်မှတ်ထားခဲ့ပြီး  ငါးနှစ်ခန့်အကြာတွင် ယခုကဲ့သို့ မျိုးသုဉ်းရှားပါးလာသည့် အ္တရာယ်အဆင့် တစ်ဆင့် တက်လာခြင်းဖြစ်ကြောင်းWCS   မှ သိရသည်။

သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)မှ ငှက်ပညာရှင် ဦးသက်ဇော် နိုင်က''နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ အကောင်ရေ အဲဒီလောက် ကျဆင်းသွားရတာက သူတို့ မျိုးပွားတဲ့ နေရာမှာ လူတွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခံနေရတာက အဓိကဖြစ်ပါတယ်၊
နောက်တစ်ချက်က သူတို့ရဲ့ နေရင်းဒေသတွေ ပျောက်ဆုံးကုန် တယ်၊  ဆောင်းခိုတဲ့ နေရင်းဒေသတွေကို ရောက်ပြန်ရင်လည်း လူတွေက ဖမ်းဆီးသတ်ဖြတ်ပြီး စားကြတယ်၊ အဲဒီလိုစားတဲ့နှုန်း က အလွန်များတဲ့အခါကျတော့ ဒီ  နှစ်နှစ်၊  သုံးနှစ်အတွင်းမှာ  လုံးဝကို ကျဆင်းသွားတာ ဖြစ်ပါတယ်''ဟု ပြောသည်။

အကောင်ရေ လျင်မြန်စွာကျဆင်းလာသော စာဝါကျားငှက် မျိုးစိတ်ကို မြန်မာနိုင်ငံတွင်လည်း မျိုးမသုဉ်းစေရန် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် အရေးတကြီးလိုအပ်နေသည်။
သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)သည်   ရှားပါးသားငှက် တိရ္ဆာန်များကို  ထိန်းသိမ်းရေးသုတေသနလုပ်ငန်းများ  ဆောင်ရွက်လျက်ရှိပြီး စာဝါကျားငှက် မျိုးစိတ် ကိုလည်း  ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် သုတေသန လုပ်ငန်းများ၊  ဒေသခံများ  ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာစေရန် ပညာပေးလုပ်ငန်းများကို  ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။                 ဇင်ဦး(မြန်မာ့အလင်း)

No comments:

Post a Comment