Latest News

Tuesday, January 23, 2018

ဟင်္သာတစက်မှုဇုန်ဝန်းရှိ ကလောအမှုန့်ကြိတ်စက်ရုံ၌ မီးလောင်မှုဖြစ်ပွား

ဟင်္သာတစက်မှုဇုန်ဝန်းရှိ ကလောအမှုန့်ကြိတ်စက်ရုံ၌ မီးလောင်မှုဖြစ်ပွား

ဟင်္သာတ ဇန်န၀ါရီ ၂၃

        ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ပြာကတတ်ကျေးရွာအုပ်စုဟင်္သာတစက်မှုဇုန်ဝန်းရှိ ကလောမှုန့် ကြိတ်စက်ရုံတွင် ဇန်န၀ါရီ ၂၂ ရက်မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီးဟင်္သာတခရိုင်မီးသတ် ဦးစီးမှူးဦးစိုးနောင်ဦးဆောင်၍
မြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ဟင်္သာတနယ်မြေ မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၁)စီး၊နိဗ္ပာန်နယ်မြေမီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ ဘုရားကြီးနယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီးတို့နှင့် သန္ဒေတပ်ဖွဲ့ဝင်(၄၀)ဦး၊ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင်(၁၅)ဦးနှင့် ဒေသခံပြည်သူ ၅၀ ဦးခန့်တို့ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် မွန်းလွဲ ၂ နာရီ ၁၀ မိနစ် အချိန်၌မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။

မီးလောင်မှုကြောင့် ကလောမှုန့်ကြိတ်စက်ရုံနှင့်
လည်းကောင်းနှင့်ကပ်လျက်ရှိသော ဂိုဒေါင်ဟောင်းတို့ မီးလောင် ကျွမ်းခဲ့ပြီးခန့်မှန်းတန်ဘိုး သိန်း(၉၀)ကျော်ခန့်ဆုံးရှုံးခဲ့ပြီး
လူနှင့်တိရိစ္ဆာန်ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ် အသေးစိတ်အား သက်ဆိုင်ရာတာဝန်ရှိသူများက
စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ကျော်ကျော်(ပြန်/ဆက်)

No comments:

Post a Comment