Latest News

Sunday, January 14, 2018

ကြယ်လိပ်မျိုးဆက်အောင်မြင်၍ ကြယ်လိပ်ကောင်ရေ ၄၀၀၀လွှတ်မွေးမည်

ကြယ်လိပ်မျိုးဆက်အောင်မြင်၍ ကြယ်လိပ်ကောင်ရေ
၄၀၀၀လွှတ်မွေးမည်

နွားထိုးကြီး   ဇန်နဝါရီ  ၁၄

    နွားထိုးကြီးမြို့နယ် ကြယ်လိပ်မွေးမြူရေးကို၂၀၂၀ ခုနှစ်တွင် ကောင်ရေ (၄၀၀၀)ထိ မင်းစုံတောင်ဘေးမဲ့တော ၌ လွှတ်မွေးရန်ရှိကြောင်း မင်းစုံ တောင်ဘေးမဲ့တော အုပ်ချုပ်ရေးမှုး ထံမှသိရသည်။
           ၂၀၁၃ ခုမှစ၍ ကြယ်လိပ် (၁၅၀) ၊၂၀၁၅ ခုတွင် (၃၀၀) ၊၂၀၁၇ ခုတွင် (၃၀၀)စုစုပေါင်း (၇၅၀) တောထဲလွှတ်၍ သဘာဝ အတိုင်းမွေးမြူ ခဲ့ရာ အောင်မြင်နေ၍၂၂၀၀ တွင် လိပ်ကောင်ရေတိုးလွှတ်ခြင်းဖြစ်ကြောင်း သိရသည်။
             ဧက ၅၅၇၅ ဧက ကျယ်သော မင်းစုံတောင်ဘေးမဲ့တောတွင် ကြယ်လိပ် ကောင်ရေ တစ်သိန်းထိ လွှတ်ရန်ရည်မှန်း ထားကြောင်း သိရသည်။ကမ္ဘာ့တွင်ရှားပါးကုန်းလိပ်(၄)မျိုးတွင် ကြယ်လိပ် မှာ ပါဝင်နေသော် လည်း ယခုအခါ မျိုးဆက်ရှင်သန်ရေးအောင်မြင်
နေသည်။ဌေးမြင့်မောင်(မြန်​မာ့အလင်း)

No comments:

Post a Comment