Latest News

Friday, January 26, 2018

ငဝန်ရေကာတာ အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိ

ငဝန်ရေကာတာ အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းများ
စတင်ဆောင်ရွက်လျက်ရှိ

ရေကြည် ဇန်နဝါရီ ၂၆

ဧရာဝတီတိုင်းဒေသကြီး  ရေကြည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ကြီးကြပ်မှုနှင့် တိုင်းဒေသကြီး အစိုးရ၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့်  ငါးသိုင်း ချောင်းမြို့ရှိ ငဝန်ရေကာတာ တာမိုင်အရှည် စုစုပေါင်း ၁၇ မိုင် အတွင်း ရေကာတာအဆင့်မြှင့်တင် ပြုပြင်ခြင်းလုပ်ငန်းများကို ၂ဝ၁၈ ဇန်နဝါရီလဆန်းပိုင်းမှစတင်၍  ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ဇန်နဝါရီ ၂၄ ရက်တွင် ငဝန်ရေကာတာ မိုင်တိုင် ၃၉ မှ ၄၃ အထိ၊  ၄၈ မှ ၅၂ အထိ နှင့် ၅၂ မှ ၅၆ အထိ နေရာများတွင် အဖွဲ့သုံးဖွဲ့ခွဲ၍ ရေကာတာမြေသား တာခြေထောက်ခြင်းနှင့် တာထိပ်မြှင့်ခြင်းလုပ်ငန်း၊ ရေထုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း များ ဆောင်ရွက်လျက်ရှိသည်။

နှစ်စဉ်နှစ်တိုင်း မိုးရာသီကာလ ငဝန်မြစ်ရေကြီးစဉ် အချိန် များတွင် ငဝန်ရေကာတာ ကြံ့ခိုင်မှုယိုယွင်းခဲ့သည့်အခြေအနေများ၊ ရေကာတာမှ ယိုစိမ့်မှုအခြေအနေများ ဖြစ်ပေါ်ခဲ့၍ ရေကြည်မြို့နယ်အတွင်း ငဝန်မြစ်ကမ်းတစ်လျှောက်နှင့် ရေကာ တာတစ်လျှောက်ရှိ ရေကြည်၊ ငါးသိုင်းချောင်း၊ အသုတ်မြို့များမှ ရပ်ကွက်များ၊ ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများမှာ ရေဘေးအ္တရာယ်ကို စိုးရိမ်ရခြင်း၊ ရေကြီးမှုနှင့်ကြုံတွေ့ရခြင်း၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများ ကြုံတွေ့ရခြင်းတို့ ရှိခဲ့ သလို အရေးပေါ်အခြေအနေများတွင် ဒေသခံပြည်သူများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းပေါင်းစုံ ပူးပေါင်း၍ နေ့ညမပြတ် စောင့်ကြပ်ခြင်း၊ စုပေါင်းပြုပြင်ခြင်း၊ ကယ်ဆယ်ရေးလုပ်ခြင်း တို့ကို အရေးပေါ် ဆောင်ရွက်ခဲ့ရသည်။

ထို့ကြောင့် ငဝန်ရေကာတာကို အဆင့်မြှင့်တင်ပြုပြင်ခြင်း များလုပ်ဆောင်ရန် လိုအပ်လျက်ရှိရာ လုပ်ငန်းများအတွက်  နိုင်ငံတော်မှ ခွင့်ပြုချက်ရရှိအောင် သက်ဆိုင်ရာလွှတ်တော် အဖွဲ့အစည်းများမှ တင်ပြချက်၊ သက်ဆိုင်ရာဌာနများမှ ပညာ ရှင်များ၏ တွက်ချက်စီမံဆောင်ရွက်ချက်များဖြင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ငဝန်ရေကာတာတာ အရှည် ၁၇ မိုင်အတွက် အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းကို ခွင့်ပြုချက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆင့်မြှင့်တင်ဆောင်ရွက်ရန်  ခွင့်ပြုတာမိုင် စုစုပေါင်း အရှည် ၁၇ မိုင်အနက် ငါးသိုင်းချောင်းမြို့အပြင်ဘက် ၁၅ မိုင်ခွဲ တွင် မြေသားတာခြေထောက်ခြင်း၊ တာထိပ်မြှင့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ပြီး မြို့တွင်းတစ်မိုင်ခွဲတွင် ကွန် ကရစ်မြေထိန်း နံရံတည်ဆောက်ခြင်းကို  ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မြို့ပြင်ပိုင်း၌ စတင်ဆောင်ရွက် နေပြီဖြစ်ပြီး လာမည့်ဖေဖော်ဝါရီလဆန်းပိုင်းတွင် မြို့တွင်းပိုင်း ကို စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြို့ပြင်ပိုင်း လုပ်ငန်းဆောင်ရွက်မှုများမှာ ၃၅ ရာနှုန်းအထိ ပြီးစီးနေပြီဖြစ်ပြီး ရေဘေးကာကွယ်ရေးအတွက် လိုအပ်သော မိုးရေထုတ်မြောင်း တူးဖော်ခြင်း၊ တိမ်ကောနေ သော ချောင်းမြောင်းများ ပြန်လည်တူးဖော်ခြင်း လုပ်ငန်းများ ကိုလည်း မြို့ပြင်ပိုင်းတွင် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ငါးသိုင်း ချောင်းမြို့တာဝန်ခံ ဒုတိယဦးစီးမှူး ဦးစိုးနိုင်ဦးက ပြောကြား သည်။

ယခုဆောင်ရွက်နေသော ငဝန်ရေကာတာ အဆင့်မြှင့်တင် ခြင်းလုပ်ငန်းများ  ပြီးစီးပါက ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ အပါအဝင် ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်ပေါင်း ၁၂ မြို့နယ်မှ ရေ ဘေးကာကွယ်မှုဧရိယာ ဧက ၂၁ဝဝဝဝ ကျော်တွင် ပိုမိုဘေး ကင်း လုံခြုံစိတ်ချရသော ရေဘေးကာကွယ်မှုကို ရရှိမည်ဖြစ် ကြောင်း သိရသည်။စိုးမင်းဦး(ပြန်/ဆက်)

No comments:

Post a Comment