Latest News

Friday, January 26, 2018

ဖီလစ်ပိုင် သမ္မတ မှ ဘယ်သူ ဘာပြောပြော ဂရုစိုက်စရာ မလိုဟု ဒေါ်အောင်ဆန်းစုကြည်အား ပြော

ဖီလစ်ပိုင် သမ္မတ မှ ဘယ်သူ ဘာပြောပြော ဂရုစိုက်စရာ မလိုဟု ဒေါ်အောင်ဆန်းစုကြည်အား ပြော

အိန္ဒိယတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့စဉ်အတွင်း မိမိမှ လူ့အခွင့်အရေး သမားများ၏ မကျေမနပ် ပြောဆိုနေမှုများကို လျစ်လျုရှုရန် အကြံပေးခဲ့သည်ဟု ဆိုသည်။

နယူးဒေလီတွင် ပြုလုပ်သော ဖီလစ်ပိုင်-အိန္ဒိယ လုပ်ငန်းရှင်များ ဖိုရမ်တွင် သမ္မတ ဒူတာတေးက ၎င်း ပြောခဲ့သည့်အကြောင်းကို ယခုကဲ့သို့ ထည့်သွင်း ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့က ကျွန်တော်တို့ နိုင်ငံ အကြောင်း၊ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အကျိုးစီးပွားအတွက် ပြောဆို လုပ်ကိုင်နေကြရတာ ဖြစ်ပြီး ဒီလူအခွင်အရေး သမား ဆိုသူများက ဆူညံစွာ ပြောတတ်ကြသည့် လူအုပ်စု တွေ သာ ဖြစ်တာမို့ ဂရုစိုက်စရာ မလို” ဟု ဆိုသည်။

“နိုဘဲလ် ငြိမ်းချမ်းရေး ဆု ရတာနဲ့ ဒီလောက်အထိ ပြောဆိုခံနေရမှုအတွက် ကျွန်တော် သူ့ကို သနားမိတယ်” ဟုလည်း ပြောခဲ့ပေသည်။

ကုလသမဂ္ဂ နှင့် ပါတ်သက်၍ ပြောဆိုရာတွင် “ကုလသမဂ္ဂသည် လူသားများ ကောင်းကျိုး အတွက် မည်သည့်အခါမျှ လုပ်ပေးခြင်း ရှိခဲ့သည့် အဖွဲ့အစည်း မဟုတ်ကြောင်း၊ စစ်ပွဲ များ မဖြစ်အောင် တခါမှ ဟန့်တားနိုင်ခဲ့ခြင်း မရှိယုံမက လူများ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုများ အာလည်း ကာကွယ်ပေးနိုင်ခဲ့ခြင်း မရှိ၊ ဒီအတွက် ကျွန်တော်တို့ပဲ ကျွန်တော်တို့ နိုင်ငံကို ကာကွယ်နေရတာပဲ” ဟု ထည့်သွင်း ဝေဖန်သွားခဲ့ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်က မည်သို့ ပြန်ပြောသည်ဆိုသည်ကိုတော့ ထည့်သွင်း ပြောဆိုသွားခဲ့ခြင်း မရှိပေ။

လှစိုး​ဝေ

ကိုးကား၊ ။ CNN

No comments:

Post a Comment