Latest News

Sunday, January 28, 2018

ရန်ကုန်တိုင်းဒေသကြီးရှိ အငှားယာဉ်များကို ဖေဖော်ဝါရီလမှစ၍ အထူးစီမံချက်ဖြင့် စစ်ဆေးရန်စီစဉ်

ရန်ကုန်တိုင်းဒေသကြီးရှိ အငှားယာဉ်များကို ဖေဖော်ဝါရီလမှစ၍ အထူးစီမံချက်ဖြင့် စစ်ဆေးရန်စီစဉ်

ရန်ကုန် ဇန်န၀ါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီးအတွင်း မှုခင်း ဖြစ်စဉ်ဖြစ်ပွားမှုလျှော့ချနိုင်စေရန် ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) တို့ ပူးပေါင်းကာ ဖေဖော်ဝါရီလမှစ၍ အငှား ယာဉ်များကို အထူးစီမံချက်ဖြင့် စစ်ဆေးရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါစီမံချက်စတင်နိုင်ရန် ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင် ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့နှင့် လွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေး ပြုလုပ်၍ အတည်ပြုဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ အမြန်ဆုံး စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရ သည်။
“အငှားယာဉ်တွေကြောင့် ဆက်စပ်ဖြစ် ပေါ်ရတဲ့မှုခင်းဖြစ်စဉ်တွေကများပါတယ်။ ဒါကြောင့် စောင့်ကြည့်စစ်ဆေးသွားမှာပါ။ အငှားယာဉ်တွေ အများဆုံးအကြိုအပို့ လုပ်တဲ့လေဆိပ်၊ အဝေးပြေးဝင်းနဲ့ လူစည် ကားတဲ့ပန်းခြံတွေမှာ စောင့်ကြည့်စစ်ဆေး မှာပါ။ အဓိကညပိုင်းပြေးဆွဲတဲ့အငှားယာဉ် တွေကို စောင့်ကြည့်မယ်၊ မှတ်တမ်းယူ မယ်။ အများပြည်သူဘ၀လုံခြုံအေးချမ်းဖို့ ဆောင်ရွက်တာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြော သည်။

လက်ရှိတွင် ရန်ကုန်မြို့၌ အငှားယာဉ် အစီးရေ ခုနစ်သောင်းခန့်ရှိသည့်အနက် စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ထားသည့် အငှားယာဉ်အစီးရေ သုံးသောင်းကျော်ရှိ ကာ ယာဉ်ငှားရမ်းစီးနင်းမှုမှတစ်ဆင့် ယာဉ်မောင်းနှင့်ခရီးသည်များကြား လုယက်မှု၊ ရာဇ၀တ်မှုနှင့် တခြားမှုခင်းဖြစ်စဉ်များ မဖြစ် ပေါ်စေရန် ကာကွယ်တားဆီးမည်ဖြစ်ကြောင်း သိရသည်။(MWD)

No comments:

Post a Comment