Latest News

Sunday, January 28, 2018

ပိုချက်တီနိုကိုခေါ်ယူရန် ရီးယဲလ်ပစ်မှတ်ထား

ပိုချက်တီနိုကိုခေါ်ယူရန် ရီးယဲလ်ပစ်မှတ်ထား

မက်ဒရစ် ဇန်နဝါရီ ၂၇

ရီးယဲလ်အသင်းသည် အမှတ်ပေးဇယားထိပ်မှ ဘာစီလိုနာကို လိုက်မီရန် ၁၉ မှတ်လိုနေ သကဲ့သို့ စပိန်ဘုရင့်ဖလား ပြိုင်ပွဲမှလည်း ထွက်ခဲ့ရ၍ရီးယဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်သည် ရာသီဝက် ကာလမှာပင် နည်းပြ ဇီဒန်း နေရာ၌ စပါးနည်းပြ ပိုချက်တီနိုကို ခေါ်ယူအစားထိုးရန် ပိုချက်တီနို နှင့်ပတ်သက်သူများအား တွေ့ဆုံ စကားပြောနေပြီဖြစ်ကြောင်း သိရသည်။

အာဂျင်တီးနား နိုင်ငံသား ပိုချက်တီနိုသည် စပိန်တွင် အက်စ်ပန်ညို ကစားသမားအဖြစ် သာမက နည်းပြအဖြစ်ပါ နှစ်ရှည် နေထိုင်ခဲ့ဖူးသူဖြစ်၍ စပိန်ဘောလုံးလောကအကြောင်း ကောင်းစွာ သိသကဲ့သို့ ယခုရာသီ ချန်ပီယံ လိဂ် အုပ်စုအဆင့်တွင်လည်း ရီးယဲလ်ကိုအနိုင်က စားနိုင် သဖြင့် ဇီဒန်းနေရာတွင် အစားထိုးရန် နံပါတ် (၁) ပစ်မှတ်ဖြစ်လာရသည်။

ပိုချက်တီနိုနှင့် စပါးအသင်းတို့၏ စာချုပ်မှာ ၂ဝ၂၁ ခုနှစ်အထိ ရှိသေးသော်လည်း စာချုပ်ထဲတွင် စာချုပ်ဖျက် တန်ကြေး ထည့်သွင်းထားခြင်း မရှိသောကြောင့် ရီးယဲလ်မှခေါ်ယူမှုကို တားဆီးနိုင်ရန် ခက်ခဲသည့် အနေအထားရှိနေသည်။ရီးယဲလ်အသင်းသည် ပိုချက်တီနိုအား ရာသီဝက် ကာလမှာပင် ခေါ်ယူပြီးနောက် ရာသီကုန်ချိန် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်၌ အသင်းကို အားသစ်လောင်းရန် အသုံးစရိတ်များစွာ ထုတ်ပေးဦးမည်ဖြစ်သည်။

ချယ်လ်ဆီးမှ ဟာဇက်နှင့် စပါးမှ ဟယ်ရီကိန်းတို့ကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၂ဝဝ စီဖြင့် ကမ်းလှမ်း ခေါ်ယူသွားရန် စီစဉ်နေသကဲ့သို့ မန်ယူဂိုးသမား ဒီဂီယာကို လည်း ပေါင်သန်း ၁ဝဝ ပေးပြီး ထိုကစား သမား သုံးဦးအတွက် ပေါင်သန်း ၅ဝဝ သုံးရန် စီစဉ် ထားကြောင်း စပိန်မာကာ သတင်းစာက ဖော်ပြသည်။(MWD)

No comments:

Post a Comment