နေပြည်တော် ဇန်နဝါရီ ၂၄
ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ် အတွင်း နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၃ ရက် နံနက် ၉ နာရီခွဲခန့်တွင် လော့မိုင်ယန်ကျေးရွာဟောင်း၏ အေ နာက်မြောက်ဘက် ၁ မိုင်ခန့်အကွာသို့ ရောက်ရှိစဉ် သစ်ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဘက်ဟိုးယာဉ်သုံးစီး၊ Wheel Loader တစ်စီး၊ လူနေတဲငါးလုံးနှင့် ၁ဝ ဘီးယာဉ် နှစ်စီးတို့အား ပိုင်ရှင်မဲ့ တွေ့ရှိသိမ်း ဆည်းရမိခဲ့သည်။
အဆိုပါသစ်ထုတ်လုပ်ရာတွင် အသုံးပြုသည့် ယာဉ်များအား ဆွမ်ပရာဘွမ်မြို့နယ် ရဲစခန်း သို့ စနစ်တကျလွှဲပြောင်းအပ်နှံပြီး ဖြစ်ကြောင်း သတင်းရရှိသည်။(MWD)
No comments:
Post a Comment