Latest News

Thursday, January 25, 2018

ဂျပန် အစိုးရနှင့် ပြည်သူများက လှူဒါန်းသည့် ကျောင်းဆောင်သစ်အား ပညာရေး ဌာနသို့ လွှဲပြောင်း ပေးအပ်ပွဲကျင်းပ

ဂျပန် အစိုးရနှင့် ပြည်သူများက လှူဒါန်းသည့် ကျောင်းဆောင်သစ်အား ပညာရေး ဌာနသို့ လွှဲပြောင်း ပေးအပ်ပွဲကျင်းပ

ဝါးခယ်မ ဇန်နဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် ဂရမ်းသောင်တန်းကျေးရွာ ပါးရိုက်အခြေခံပညာ အလယ်တန်းကျောင်း၌ ဂျပန်အစိုးရနှင့် ပြည်သူများက လှူဒါန်းသည့် ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် အဆိုပါ ကျောင်းဆောင်သစ်ရှေ့၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ တတိယအတွင်းဝန် Ms. Atsuko KUSUNOSE အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး (ပညာ) ဒေါ်မြင့်မြင့်သန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်အောင်ဖြိုးတို့က ပညာရေး ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ တတိယအတွင်းဝန Ms. Atsuko KUSUNOSE  ၊တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(ပညာ)၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ကျောင်းဆောင်သစ်ဖြစ်မြောက်ရေး ကော်မတီဝင်များက ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ယင်းနောက် ကျောင်းဆောင်သစ်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများအား မြန်မာနိုင်ငံ ဆိုင်ရာဂျပန်သံရုံးမှ တတိယအတွင်းဝန်က ဒုတိယမြို့နယ်ပညာရေးမှူးထံ လွှဲပြောင်း ပေးအပ် သည်။ အဆိုပါကျောင်းဆောင်သစ်မှာ အလျား၁၁၂ ပေ၊ အနံ ပေ ၃ဝ၊ အမြင့် ၂၄ ပေရှိRC နှစ်ထပ်ကျောင်းဆောင်ဖြစ်ပြီး ငွေကျပ်သိန်း ၁၆ဝဝ ကျော်ဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(MWD)

No comments:

Post a Comment