Latest News

Thursday, January 25, 2018

ပရီးမီးယားလိဂ် တစ်ပတ်လစာ အများဆုံး စာရင်းတွင် မန်ယူကစားသမား သစ် ဆန်းချက်ဇ် ထိပ်ဆုံးရောက်

ပရီးမီးယားလိဂ် တစ်ပတ်လစာ အများဆုံး စာရင်းတွင် မန်ယူကစားသမား သစ် ဆန်းချက်ဇ် ထိပ်ဆုံးရောက်

မန်ချက်စတာ ဇန်နဝါရီ ၂၄

မန်ယူ အသင်းသည် ဇန်နဝါရီ ၂၂ ရက်က အာဆင်နယ်မှ ချီလီတိုက်စစ်မှူး ဆန်းချက်ဇ်ကို အပြီးသတ် စာချုပ်ချုပ်ဆို ခေါ်ယူရာတွင် ဆန်းချက်ဇ်အတွက် တစ်ပတ် အခြေခံလစာ ပေါင် သုံးသိန်းခွဲ အထိပေးခဲ့ခြင်းကြောင့် ၄င်းမှာ အင်္ဂလန် ပရီးမီးယားလိဂ် သမိုင်းတွင် လစာ အများဆုံးရသူ အဖြစ် မှတ်တမ်းဝင် ခဲ့သည်။

ဆန်းချက်ဇ်အတွက် တစ်ပတ်လစာမှာ ပေါင်သုံး သိန်းခွဲ ရှိသည် သာမက ပုံရိပ် အသုံးပြုခွင့် မူပိုင်ခွင့်အရ တစ်ပတ်ပေါင် တစ်သိန်းနှင့် တခြား အပိုဆုများနှင့်ပါ ပေါင်းလျှင် တစ်ပတ်ပေါင် ခြောက်သိန်း အထိ ရရှိမည် ဖြစ်သည်။

သို့သော် အခြေခံ လစာကိုသာ တွက်ချက်ပါကလည်း ဆန်းချက်ဇ်သာ လစာ အများဆုံး ဖြစ်ပြီး ၄င်းနောက်တွင် မန်ယူအသင်းဖော် ပေါ့ဂ်ဘာက တစ်ပတ်ပေါင် ၂၉ဝဝဝဝ၊ ရက်ပိုင်းအတွင်း ကမှ စာချုပ်သစ် ချုပ်ဆိုလိုက်သော မန်စီးတီး ကွင်းလယ် ဖန်တီးရှင် ဒီဘရိုင်းက တစ်ပတ် ပေါင် ၂၈ဝဝဝဝ၊ လူကာကူက ပေါင် ၂၅ဝဝဝဝ၊ အဂူရို၊ ယာယာတိုရေးနှင့် မိုဗစ်ခ်ျတို့က ပေါင် ၂၂ဝဝဝဝ၊ဒီဂီယာနှင့် ဟာဇက်တို့က ပေါင် ၂ဝဝဝဝဝ နှင့် ဗန်ဒစ်က ပေါင် ၁၈ဝဝဝဝ ဖြင့် အသီးသီး ရပ်တည်နေသည်။ Ref: Dailymail(MWD)

No comments:

Post a Comment