Latest News

Sunday, January 14, 2018

ပရဟိတ လုပ်ငန်းနဲ့ အနုပညာ အလုပ်တွေကို တွဲဖက်လုပ်နေတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေ

ပရဟိတ လုပ်ငန်းနဲ့ အနုပညာ အလုပ်တွေကို တွဲဖက်လုပ်နေတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေ

သရုပ်ဆောင်ခိုင်နှင်းဝေက လတ်တလော လှုပ်ရှားမှုအနေဖြင့် ပရဟိတလုပ်ငန်းနှင့် အနုပညာ အလုပ်များကို တွဲဖက် လုပ်ကိုင်နေသည်ဟု ပြောသည်။ ''၂ဝ၁၇ ခုနှစ်တုန်းက အစ်မက ရုပ်ရှင်ဇာတ်ကားနဲ့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးခဲ့တယ်။ ဒီနှစ်မှာဆိုရင် အစ်မရိုက်ကူးထားတဲ့ ပန်းရိုင်းမျက်ရည်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားရှိတယ်။

 လောလောဆယ်တော့ MRTV-4 ကနေ ဇာတ်လမ်းတွဲလေးတွေ ရိုက်ဖို့ရှိပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေ ထပ်ပြီး ရိုက်ကူးဖို့ရှိပါတယ်။ ပန်းရိုင်းမျက်ရည် ရုပ်ရှင်ဇာတ်ကားကရတဲ့ အကျိုးအမြတ် အားလုံးကို အစ်မဆောက်လုပ် လှူဒါန်းတဲ့  မိဘမဲ့ကျောင်းထဲမှာ ထည့်လှူဒါန်းမှာပါ။

ဒီရုပ်ရှင်ကားက အစ်မကိုယ်တိုင် ထုတ်လုပ်သူလုပ်ပြီး ခိုင်နှင်းဝေ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်တာပါ။ ပန်းရိုင်းမျက်ရည် ရုပ်ရှင်ဇာတ်ကားရဲ့ဇာတ်ကို အစ်မတွေ့ကြုံနေရတဲ့ လုပ်ငန်းခွင်၊ မြင်တွေ့နေရတဲ့ ကလေးတွေ ဘယ်လို အခက်အခဲတွေရှိလဲ၊  သက်ငယ်မုဒိမ်းမှုတွေ ဖြစ်တဲ့အခါ  ကလေးတွေ ဘယ်လိုခံစားရမလဲ  ဒါတွေကို မြင်တွေ့နေရတော့ အစ်မရိုက်ချင်တဲ့ ဇာတ်လမ်းကို ဒါရိုက်တာကို ပြောပြပြီး ရိုက်ကူးထားတာပါ'' ဟု ခိုင်နှင်းဝေက ပြောသည်။

ယင်းရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင်ကျော်ရဲအောင်၊ နေဒွေး၊ နေနော်၊ မိုးယံဇွန်၊ ခိုင်နှင်းဝေနှင့် တခြားသရုပ်ဆောင်များက ပါဝင်ရိုက်ကူးထားသည်။ ထို့ပြင် သူမ၏ ခိုင်နှင်းဝေ ပရဟိတလူငယ်များ အသင်းကို အမာခံ ၁ဝ ဦးခန့်ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။(MWD)

No comments:

Post a Comment