Latest News

Thursday, January 25, 2018

သင်စီးနေတဲ့ ကားက သင့်ကိုဘယ်လို ထောက်လှမ်းနေလဲ

သင်စီးနေတဲ့ ကားက သင့်ကိုဘယ်လို ထောက်လှမ်းနေလဲ

သင်စီးနေတဲ့ကားက သင့်ရဲ့သာမန်အပြု အမူတွေကအစ   ထောက်လှမ်းနေတယ်ဆိုရင်  သင်ယုံနိုင်မှာ မဟုတ်ပါဘူး။  ကားထုတ်လုပ်သူတွေက သူတို့ကားရောက်ရှိနေတဲ့ တည်နေရာတွေကို အမြဲတမ်း စောင့်ကြည့်နေပါတယ်၊ဒါ့ပြင် သင်က ကားကို ဘယ်လောက်မြန်မြန် မောင်းတယ်၊ ကားမောင်းနေစဉ် ဘယ်လိုဖျော်ဖြေမှုကို ကြိုက်နှစ်သက်တယ်   အစရှိတဲ့ အချက်အလက်တွေကို သူတို့ရဲ့ မော်ဒယ်မြင့်ကားတွေမှာ ပါဝင်တဲ့ အင်တာနက် ချိတ်ဆက်ထားတဲ့ စနစ်တွေကနေ တစ်ဆင့် ထောက်လှမ်းနေတာပါ။

 အခုနောက်ဆုံးပေါ်ကားတွေကတော့ ယာဉ်မောင်းသူရဲ့ မျက်လုံးလှုပ်ရှားမှုက အစ ရှေ့ခုံနှစ်လုံးမှာ ထိုင်တဲ့သူတွေရဲ့ ကိုယ်အလေးချိန်အပြင် လမ်းမပေါ်မှာရှိတဲ့ ရာသီဥတု အခြေအနေနဲ့ သင့်အနေနဲ့ ဘယ်နေရာက အစားအသောက်ကို ပိုမိုကြိုက်နှစ်သက်တယ် ဆိုတာအထိ မှတ်တမ်းတင်နိုင်ပါတယ်။ မော်ဒယ်မြင့်ကားတွေမှာ ယာဉ်မောင်းသူရဲ့ ထိုင်ခုံက ယာဉ်မောင်းရဲ့ ကိုယ်အလေးချိန် ကိုတွက်ချက်ပြီး လုံခြုံရေး ခါးပတ်ပတ်ထားခြင်း မရှိကြောင်း သတိပေးပါတယ်။  ဒီလို လုပ်ဆောင်ခြင်းအားဖြင့် ယာဉ်မောင်းထိုင်ခုံမှာ ယာဉ်မောင်းသူ ထိုင်လား၊ ဒါမှမဟုတ် လေးလံတဲ့ပစ္စည်း တင်ထားလားဆိုတာကို ခွဲခြားနိုင်ပါတယ်။ ကားမှာပါဝင်တဲ့  နာရီနဲ့ GPS စနစ်တို့ ပေါင်းစပ်ခြင်းအားဖြင့်  ထိုင်ခုံခါးပတ်မှာ ပါဝင်တဲ့ လုံခြုံရေးသတိပေးတဲ့ လုပ်ဆောင်ချက်က သင့်အနေနဲ့ ခါးပတ်ပတ်ထားခြင်း ရှိ၊မရှိကို ကားထုတ်လုပ်သူတွေထံ အချက်အလက် ပေးပို့မှာဖြစ်ပြီး ဘယ်လိုလမ်းမျိုးမှာ သင့်အနေနဲ့ ခါးပတ်မပတ်ဘဲ ပိုမိုမောင်းနှင်လေ့ ရှိတယ်ဆိုတာကိုပါ ကားထုတ်လုပ်သူတွေက သိရှိနိုင်မှာဖြစ်ပါတယ်။

သင့်ရဲ့ကားက GPS စနစ်ကနေတစ်ဆင့် သင်သွားတဲ့ လမ်းကြောင်းတွေကို အမြဲတမ်း မှတ်တမ်းတင်ထားပါတယ်။ မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေကို ကားထုတ် လုပ်သူတွေက ရရှိပြီး တြိဂံဖွဲ့ တိုင်းနည်းနဲ့တိုင်းကာ  သင့်ကားရပ်ထားတဲ့ နေရာအနီး ဝန်းကျင်မှာရှိတဲ့ ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို မှတ်တမ်းတင်မှာဖြစ်ပြီး သင့်အနေနဲ့ ဘယ်နေရာမှာ ရပ်တန့်လေ့ ရှိတယ်ဆိုတာကို သူတို့က သိရှိနိုင်ပါတယ်။ လက်ရှိမော်ဒယ်မြင့်ကားတွေမှာ အင်တာနက်နဲ့ ချိတ်ဆက်တဲ့စနစ် ပါဝင်လာပြီး သင့် အနေနဲ့ ဘယ်ရေဒီယိုလိုင်း သို့မဟုတ် ဘယ်ဝက်ဘ်ဆိုက်က သီချင်းတွေကို ပိုမိုနားထောင်လေ့ ရှိတယ်ဆိုတာ ကားထုတ်လုပ်သူတွေ အနေနဲ့ အလွယ်တကူပဲ သိရှိသွားတာဖြစ်ပါတယ်။

သင့်ရဲ့ကားက သင့်ရဲ့ကားမောင်းနှင်မှု ပုံစံကို ကားထုတ်လုပ်သူထံ အဆက်မပြတ် ပြန်လည်ပေးပို့နေပါတယ်။ ပေးပို့တဲ့ အချက်အလက်တွေထဲမှာ ကားရဲ့မောင်းနှင်နေတဲ့ အမြန်နှုန်းနဲ့  ဘရိတ်ဖမ်းတဲ့ နှုန်းတို့လည်း ပါဝင်ပါတယ်။   ဒီအချက်အလက်တွေကို ကားထုတ်လုပ်သူတွေက ရရှိခြင်းအားဖြင့် ယာဉ်မောင်းနှင်မှုပုံစံကို  သူတို့က  အတည်တကျ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ တကယ်တမ်း   ကားအသုံးပြုသူတွေရဲ့ တည်နေရာကို ရယူတာက  ပုဂ္ဂလိက အခွင့်အရေးကို အလွန်အမင်း ချိုးဖောက်တာဖြစ်တယ်ဆိုပြီး ကမ္ဘာ့အတွင်းရေး ဖိုရမ်ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ပမ်ဒစ်ဇန်က ပြောပါတယ်။

ဒါပေမဲ့ ကားထုတ်လုပ်သူတွေကတော့ ဒီလိုအချက်အလက်တွေ ရယူတာက သူတို့ကားတွေရဲ့လုံခြုံမှုနဲ့  စွမ်းဆောင်ရည် ပိုမိုကောင်းမွန်စေဖို့ ဖြစ်တယ်လို့ ပြောပေမယ့်  တချို့ကုမ္ပဏီတွေကတော့  သုတေသနနဲ့ ဈေးကွက်ချဲ့ထွင်ဖို့  တတိယ ကုမ္ပဏီတွေကို ရောင်းချနေတယ်လို့လည်း ပြောပါတယ်။(MWD)

No comments:

Post a Comment