Latest News

Thursday, January 25, 2018

နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန် ကြိုးစားမည်ဟု အောင်လအန်ဆန် ဖွင့်ဟ

နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန် ကြိုးစားမည်ဟု အောင်လအန်ဆန် ဖွင့်ဟ

ရန်ကုန် ဇန်နဝါရီ ၂၃

ရန်ကုန်မြို့၌ ဖေဖော်ဝါရီ ၂၃ ရက်တွင် One Championship က ဦးစီးကျင်းပမည့် MMA ပြိုင်ပွဲအတွက် မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ရှိ မြန်မာပလာဇာ၌ ကျင်းပပြီး အောင်လအန်ဆန် ကိုယ် တိုင်တက်ရောက်၍ ပြိုင်ပွဲတွင် မြန်မာနိုင်ငံဂုဏ်ဆောင်နိုင်ရန် ကြိုးစားမည်ဟု ဖွင့်ဟသည်။

ယင်းမိတ်ဆက်ပွဲ တွင် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်မည့် ကစားသမား နှစ်ဦးဖြစ်သော ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံ အောင်လအန်ဆန်နှင့် မြန်မာနိုင်ငံMMA ချန်ပီယံ ဖိုးသော်တို့တက်ရောက်ကာ လက်ဝှေ့ရေးပြသခဲ့သည်။ ''ဒီပွဲအတွက် အမေရိကန်က ကမ္ဘာ့ချန်ပီယံနဲ့ လေ့ကျင့်ထားပါတယ်။

ဒီပွဲမှာ မြန်မာနိုင်ငံသားအားလုံး ဂုဏ်ယူ နိုင်အောင် ကြိုးစားသွားမယ်။ ပြိုင်ပွဲအတွက် နေ့တိုင်းလေ့ကျင့်နေပါတယ်''ဟု အောင်လအန်ဆန်က ပြောသည်။ အောင်လအန်ဆန်မှာ ယခုပြိုင်ပွဲတွင် ဘရာဇီးနိုင်ငံသား ကမ္ဘာ့ချန်ပီယံ အလက်ဇန္ဒားမာချာဒိုနှင့် ယှဉ်ပြိုင်ရ မည်ဖြစ်သည်။

ယင်းပွဲစဉ်မှာ အောင်လအန်ဆန်အတွက် ကမ္ဘာ့မစ်ဒယ်ဝိတ်တန်းချန်ပီယံ ကာကွယ်ပွဲ မ ဟုတ်ဘဲ ယင်းထက် ဝိတ်တန်းတစ်ဆင့်မြင့်သည့် လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းပွဲတွင်ပါဝင်မည့် ဖိုးသော်သည် ယခုတစ်ကြိမ်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြား သားနှင့် ယှဉ် ပြိုင်ရမည်ဖြစ်သည်။ ပြိုင်ဘက်ကစားသမား ကမ္ဘောဒီးယားနိုင်ငံသား Sor Sey နှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။(MWD)

No comments:

Post a Comment