Latest News

Friday, January 12, 2018

တရားဝင်စာရွက်စာတမ်း တင်ပြနိုင်ခြင်းမရှိသည့် ပေါင်းသတ်ဆေးနှင့် ရွက်ဖျန်းအားဆေးများဖမ်းမိ

တရားဝင်စာရွက်စာတမ်း တင်ပြနိုင်ခြင်းမရှိသည့် ပေါင်းသတ်ဆေးနှင့် ရွက်ဖျန်းအားဆေးများဖမ်းမိ

တရားမဝင်ကုန်စည်များ     တားဆီး ထိန်းချုပ်ရေးအတွက်  ရေပူနှင့်  မရမ်း ချောင်     အမြဲတမ်းစစ်ဆေးရေးစခန်း တို့အား ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ၂ဝ၁၇ ခုနှစ် မတ် ၁ ရက်က စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး ဇန်နဝါရီ ၁ဝ ရက်တွင် မ္တလေး-မူဆယ်    ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၉၉၇ စီး ၊ သွင်းကုန် ၉၄၆ စီး ၊ ရန်ကုန်-မြဝတီလမ်းမကြီးတစ်လျှောက် ကုန်သွယ် မှုယာဉ် ပို့ကုန် ၅၃ စီး ၊  သွင်းကုန် ၁၅၈ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျက် ရှိသည်။
အဆိုပါ  စစ်ဆေးရေးစခန်းများက တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများ အား စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျက် ရှိရာ ဇန်နဝါရီ ၁ဝ ရက်က ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းမှ   တားဆီးမှု လေးမှု ခန့်မှန်းတန်ဖိုး ငွေကျပ်  ၃ ဒသမ ၆၄၅  သန်းခန့် ၊ မရမ်းချောင် အမြဲတမ်းစစ်ဆေး ရေးစခန်းမှ တားဆီးမှုသုံးမှု ခန့်မှန်းတန်ဖိုး ငွေကျပ် ၁ ဒသမ ဝ၄၄ သန်းခန့်၊ စုစုပေါင်း တားဆီးမှု ခုနစ်မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၄ ဒသမ ၆၈၉ သန်းခန့်အား ဖမ်းဆီးရမိ ခဲ့ကြောင်း သတင်းရရှိသည်။
ထူးခြားဖမ်းဆီးမှုအနေဖြင့် ဇန်နဝါရီ ၁ဝ ရက်က မန္တလေးသို့ သွားရောက်မည့် ယာဉ်ငယ်နှစ်စီးအား   ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှစစ်ဆေးခဲ့ရာ      တရားဝင်စာရွက် စာတမ်း အထောက်အထားတင်ပြနိုင် ခြင်းမရှိသည့်  ပေါင်းသတ်ဆေး ဖာ ၂ဝ  (10)Kg နှင့် ရွက်ဖျန်းအားဆေး ၁၂ ဖာ (5)Kg  စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် သန်း ဝ ဒသမ ၅၂ဝ ခန့်အား စစ်ဆေး တွေ့ရှိ၍  ဖမ်းဆီးခဲ့ကြောင်း  သတင်းရရှိ သည်။     သတင်းစဉ်

No comments:

Post a Comment