Latest News

Tuesday, January 16, 2018

ကလေးဝ- မင်းကင်းကားလမ်းတွင် ကားရှေ့ဘီးပေါက်၍ချောက်ထဲသို့ပြုတ်ကျတိမ်းမှောက်

ကလေးဝ- မင်းကင်းကားလမ်းတွင် ကားရှေ့ဘီးပေါက်၍ချောက်ထဲသို့ပြုတ်ကျတိမ်းမှောက်

မင်းကင်း   ဇန်န၀ါရီ     ၁၅

        စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ ကလေးဝမြို့မှ မင်းကင်းမြို့သို့မောင်းနှင်လာသည့် ပါကျဲဒိုး ယာဉ်တစ်စီးသည်  ဇန်န၀ါရီ ၁၅ ရက် နံနက် ၉နာရီအချိန်ခန့်က  ကလေးဝ- မင်းကင်းကားလမ်းမိုင်တိုင် အမှတ် ၇၆/ ၇၇ကြားတွင် ကားရှေ့ဘီးပေါက်၍ လမ်းယာဘက်ချောက်ထဲသို့ပြုတ်ကျတိမ်းမှောက်မှုဖြစ်ပွား ကြောင်း သိရသည်။

        ဖြစ်စဉ်မှာ ကလေးဝမြို့မှ မင်းကင်းမြို့သို့ မောင်မြင့်ဆွေ(၄၅
နှစ်)မောင်းနှင်လာသည့် YGN/ 7E---- ပါကျဲဒိုး(အပြာ/ခဲရောင်)ကြားယာဉ်အားမင်းကင်းမြို့နယ် မြို့မကျေးရွာမှ ဒေါ်စန်းစန်းမြင့်(၃၆ နှစ်) ကျောင်းဆရာမ(အ.မ.က)အံ့စရာကျေးရွာနှင့် ၄င်း၏သမီးဖြစ်သူ မရွှန်းလဲ့ဟန်သာ(၃နှစ်) တို့သည် လမ်းကြုံ၍စီးနင်းလိုက်ပါလာခဲ့ကြပြီး ကလေးဝ-မင်းကင်းကားလမ်းမိုင်တိုင်အမှတ် ၇၆/၇၇ ကြား အရောက်တွင် ကားရှေ့ဘီးပေါက်၍လမ်းယာဘက်ပေ ၁၅၀ ခန့်ရှိချောက်ထဲသို့ပြုတ်ကျတိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။

        အဆိုပါကားတိမ်းမှောက်မှုနှင့်ပတ်သက်၍ ဒေါ်စန်းစန်းမြင့်မှာ
ခါးနာကျင်ဒဏ်ရာဝဲဘက်ခြေထောက် ပွန်းပဲ့ဒဏ်ရာရ(စိုးရိမ်ရ)ပြီး သမီးဖြစ်သူမရွှန်းလဲ့ဟန်သာမှာ ယာဘက်ပါးပွန်းပဲ့ဒဏ်ရာနှင့် ယာဘက်မှေးပွန်းပဲ့ဒဏ်ရာရ(မစိုးရိမ်ရ)ရှိခဲ့ရာ ယာဉ်မောင်းမှာ
မည်သည့်ဒဏ်ရာမျှရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

        ဖြစ်စဉ်နှင့်ပတ်သက်၍ မင်းကင်းမြို့နယ်ရဲစခန်းမှ ယာဉ်မောင်းဖြစ်သူမောင်မြင့်ဆွေအားအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ချင်းတွင်းသား(မြန်​မာ့အလင်း)

No comments:

Post a Comment