Latest News

Thursday, January 4, 2018

ရွှေတိဂုံစေတီတော် ခြေတော်ရင်းတွင် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားအောင်ပွဲ ကမ္ပည်းမော်ကွန်းနှင့် ပိဋကတ်သုံးပုံ ကျောက်စာရေးထိုးမည်

ရွှေတိဂုံစေတီတော် ခြေတော်ရင်းတွင် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားအောင်ပွဲ ကမ္ပည်းမော်ကွန်းနှင့် ပိဋကတ်သုံးပုံ ကျောက်စာရေးထိုးမည်

ရွှေတိဂုံစေတီတော်တွင် ဇန်နဝါရီ ၁ ရက်က ကျင်းပခဲ့သည့် ပင့်သံဃာအပါး ၁၈ဝဝဝ ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနား အောင်ပွဲ ကမ္ပည်းမော်ကွန်းနှင့် ပိဋကတ်သုံးပုံကျောက်စာ ရေးထိုးသွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်ရှိ ပတ္တမြားဗိမာန်၌ ကျင်းပခဲ့သည့် မင်္ဂလာအောင်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

ပင့်သံဃာအပါး ၁၈ဝဝဝ ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာ မင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် သံဃာတော်များ၏ဘွဲ့အမည် များ၊ ကြွရောက်ခဲ့ကြသည့်မြို့နယ်များ၊ ကျောင်းတိုက်များအားလုံးကို မှတ်တမ်း တင်နိုင်ရန် ဆောင်ရွက်မည်ဖြစ်ပြီး ယင်းအလှူတော်တွင် အစ၊အလယ်၊အဆုံး ကြိုးပမ်းဆောင်ရွက်မှုများတွင် ပါဝင်ခဲ့ကြသည့် ဌာနဆိုင်ရာအသီးသီးနှင့်ပါဝင် ကူညီခဲ့ကြသူများအားလုံးကို စာအုပ်မှတ်တမ်းပြုစုနိုင်ရန်အတွက် မော်ကွန်း ကမ္ပည်း စိုက်ထူမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

''ရွှေတိဂုံစေတီတော်ကြီးရဲ့တောင်ဘက်မုခ်မှာ ကမ္ပည်းကျောက်စာတိုင် တစ်ခုစိုက်ထူဖို့ အစီအစဉ်ရှိပါတယ်၊ ဓာတ်လှေကားရဲ့ဘေး၊ ကျောက်စာတိုင်ကြီး ရဲ့ဘေးမှာ စိုက်ထူဖို့ စတင်ပြင်ဆင်စဉ်ကတည်းက ပြင်ဆင်ထားတာရှိပါတယ်၊ ဒီအစီအစဉ်ကို  ဆက်လက်ဆောင်ရွက်သွားမယ်ဆိုတဲ့ အခြေအနေကိုလည်း အသိပေးအပ်ပါတယ်၊ ဆရာတော်တို့ကိုလည်း လျှောက်ထားအပ်ပါတယ်''ဟု ဝန်ကြီးချုပ်က အသိပေးလျှောက်ထားခဲ့သည်။

ယင်းအပြင် ငွေစာရင်းရှင်းတမ်းများနှင့်ပတ်သက်ပြီး အလှူခံထားသည့် ငွေစာရင်းရှင်းတမ်းရှိသကဲ့သို့  အလှူရှင်များကိုယ်တိုင်   စိုက်ထုတ်ပြီး ဆောင်ရွက်ခဲ့သည့် အခြေအနေများရှိကြောင်း၊ နောက်ဆုံးအပြီးချုပ်ငွေစာရင်း ရှင်းတမ်းကို မှတ်တမ်းစာအုပ်တွင် ထည့်သွင်းဖော်ပြဆောင်ရွက်နိုင်ရန် ဆောင် ရွက်မည်ဖြစ်ကြောင်း၊ ယင်းငွေစာရင်းရှင်းတမ်းပြီးသွားသည့်အချိန်တွင် ကျန်ခဲ့သည့်အလှူငွေများကို ဆက်လက်ဆောင်ရွက်မည့်ရွှေတိဂုံစေတီတော် မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာနှင့် ပင့်သံဃာတော်အပါး ၁၈ဝဝဝ အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ မင်္ဂလာမှတ်တမ်းစာအုပ်ထုတ်ခြင်းနှင့် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ခြေတော်ရင်းတွင် ပိဋကတ်သုံးပုံကို ကျောက်စာ အဖြစ် မှတ်တမ်းတင်ထားရှိနိုင်ရန်တို့အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။ ဆုနှင်းလဲ့(​ကြေးမှုံ)

No comments:

Post a Comment