Latest News

Thursday, January 4, 2018

ထင်သာမြင်သာ ပြုပြင်စရာ

ထင်သာမြင်သာ ပြုပြင်စရာ

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့  ၁၅ လမ်းမကြီးမှာ  ဧရာဝတီဆိပ်ကမ်း တံတားမှ အနောက်ဘက်ခြမ်း  တန်တစ်ရာဖွဲနုဆီစက်အထိ  တောင်ဘက်တုံးလှဲ ချောင်းမြစ်ရေတိုက်စားခံရမှုကို ကြုံတွေ့ရလျက်ရှိသည်။

အဆိုပါ မြစ်ကမ်းဘေးတွင် မော်ကျွန်း-ရန်ကုန် ပုဂ္ဂလိက နှစ်ထပ်ရေယာဉ်များနှင့် ကျေးရွာပေါင်းစုံမှ လိုင်းရေယာဉ်များ ဆိုက်ကပ်လျက်ရှိသည်။ ရေစီးကြမ်းသော  တုံးလှဲချောင်းမြစ်ရေမှာ မိုးရာသီနှင့် ဆောင်းရာသီတို့တွင် ရေတိုက်စားမှု ပြင်းထန် သဖြင့်  လမ်းမြေများ  ရေထဲသို့  နှစ်စဉ်  ပြိုကျမှုများရှိသည်။ ၁၅ လမ်းရှိ ဒေသခံ ပြည်သူများသည် လူနေအိမ်များ ရေတိုက်စားမှုမခံရစေရန်အတွက် တစ်ပိုင်တစ်နိုင်  သင်ပေါင်းသားများ၊   ဝါးများဖြင့်   ကာရံခြင်း၊   အချို့နေရာများတွင်  အုတ်တံတိုင်း အနိမ့်ကာရံခြင်းများရှိသော်လည်း ရေစီးကြမ်းသော တုံးလှဲချောင်း မြစ်ရေမှာ လျော့သွားခြင်းမရှိဘဲ ဆက်လက်တိုက်စားလျက်ရှိသည်။

''မော်လမြိုင်ကျွန်းမြို့တောင်ဘက် တုံးလှဲချောင်းမြစ်ရေက အလွန်ရေစီးကြမ်း ပါ တယ်၊ နှစ်စဉ်လည်း လမ်းမြေတွေ ရေတိုက်စားမှုရှိနေတယ်၊ အခုရေတိုက်စားခံနေရတဲ့ ၁၅  လမ်းမကြီးကို ကမ်းဆယ်တည်ဆောက်ပေးပြီး ပြန်လည်ဖော်ထုတ်ပေးစေချင် ပါတယ်'' ဟု ၁၅ လမ်းမကြီးနေ ဒေသခံများက ပြောသည်။မော်ကျွန်း-မြင့်အောင်(မြန်​မာ့အလင်း)

No comments:

Post a Comment