Latest News

Wednesday, January 10, 2018

စီးပွါးရေးလုပ်ငန်းရှင်များကို အခွန် တိုး မြင့်ကောက်ခံမည်

စီးပွါးရေးလုပ်ငန်းရှင်များကို  အခွန် တိုး မြင့်ကောက်ခံမည်

ဧရာဝတီတိုင်းဒေသကြီးအတွင်း  စီးပွါးရေး လုပ်ငန်းရှင်များ ၏ စည်ပင်အခွန်  ကို တိုးမြှင့် ကောက်ခံ သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး ၀န်ကြီး ဦးကျော်မြင့်က ပြောသည်။

ယင်းကဲ့ သို့  တိုးမြှင့်ကောက်ခံခြင်းကို စီးပွါးရေး လုပ်ငန်းရှင်များကလည်းနားလည်ပေးရန် လိုအပ်ပြီး တိုင်းဒေသကြီးအတွင်း မြို့ နယ် (၂၆)မြို့ နယ် နှင့်မြို့ နယ်ခွဲ (၆)မြို့ မှ စည်ပင်သာယာရေး ဦးစီးဌာန ဦးစီးအရာရှိ များကိုလည်း သက်ဆိုင်ရာ မြို့ နယ်များတွင် ဆောင်ရွက်ရန်   ညွန်ကြားထားသည်။

တိုးမြှင့် ကောက်ခံ သွားမည့်  အခွံ နှုန်းထားများကိုတော့ မြို့ နယ် စည်ပင်သာယာရေး ဦးစီးအရာရှိ များဖြင့် တိုင်ပင်ကာ သတ်မှတ်သွားမည်ဖြစ်ပြီး စတင် တိုးမြှင့် ကောက်ခံမည့် အချိန်ကာလကိုတော့ လတ်တလော ထုတ်ပြန်ပေးခြင်းမရှိသေးပေ။

အဓိကကတော့ ကျွန်တော်တို့ ကလည်းတိုးမြှင့်ကောက်ခံချင်သလို တစ်ဖက်ကလည်း အခွံကို နည်းနည်းပေးဆောင်ချင်မှာပေါ့  အဲ့ ကြားထဲမှာတေ့ အပြန်အလှန်သဘောပေါက်နားလည်အောင်ရှင်းပြကြရမှာပေါ့  အဲ့ တော့ ကျေကျေနပ်နပ် ပေးဆောင်ချင်လာအောင်အထိတော့ သွားမှာပေါ့ အရေးယူတယ် စီမံတရားဆွဲမယ်ဆိုလည်းပီးမှာမဟုတ်တော့ဘူး အဲ့ တော့ သူတို့ ကလည်းဘယ်လောက်တိုးပေးနိုင်မယ် ကျွန်တော်တို့ ကလည်း ဘယ်လောက်တိုးကောက်မယ်ဆိုတာ ညှိကြမှာပါ အတင်းအကြပ်အကြီးတော့လည်းမသွားပါဘူး ဟု တိုင်းဒေသကြီး စည်ပင်သာယာရေး ညွန်ကြားရေးမှူး ဦးအောင်မင်းနိုင်ကပြောသည်။

ပုသိမ်မြို့ နယ်တွင် လုပ်ငန်ရှင် မှတ်ပုံတင်ထားသူ (၂၅၀၀)ကျော်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးတွင်  စီးပွါးရေးလုပ်ငန်းရှင်ပေါင်း ( ၂၁၉၃၁၉  )ဦးရှိနေသည်။

မျိုးမင်းပိုင်

No comments:

Post a Comment