Latest News

Wednesday, January 10, 2018

ဆရာ မများနှင့် ကျောင်းသားကျောင်းသူများကို အင်အားပြဖြစ်အသုံးမပြုဖို့  သတိပေး

ဆရာ မများနှင့် ကျောင်းသားကျောင်းသူများကို အင်အားပြဖြစ်အသုံးမပြုဖို့  သတိပေး

ပွဲလမ်းသဘင်များတွင် ဆရာ မများနှင့် ကျောင်းသားကျောင်းသူများကို အင်အားပြဖြစ်အသုံးမပြုဖို့  ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက တိုင်းသေကြီးအတွင်းပညာရေးမှူးများကို သတိပေး  ပြောကြားထားကြောင်း သိရသည်။

ဒီနေ့ ကစပြီး နောက်ပိုင်းမှာ ပညာရေးနဲ့ ပတ်သတ်တဲ့ပွဲလမ်းသဘင်မှာရော ကလေးတွေကိုခေါ်ပြီး စောင့်ခိုင်တာ ဒီထက်ပိုပြီး ဆရာ ဆရာမတွေကို ခေါ်ပြီးအင်အား အနေနဲ့ အသုံးပြုတာ တွေကို လုံးဝမလုပ်ဖို့ ပြောထားပါတယ် ဟု ဒေါက်တာလှမြတ်သွေးကပြောသည်။
ယခင်အစိုးရလက်ထက် များက ပွဲလမ်းသဘင်များ ကျောင်းဖွင့်ပွဲများ လူကြီးလမ်းကျောင်းများတွင် ကျောင်းသားကျောင်းသူများ ဆရာ မများ မှကြိုတင်စောင့်စိုင်းနေရခြင်း ကပြ ဖျော်ဖြေရခြင်းများ ရှိခဲ့ သည်။
အရင်အစိုးရလက်ထက် မှာပေါ့ ဗျာ ကလေးတွေကိနေပူထဲစောင့်ခိုင်းတာ မိုးရွာထဲကြိုစောင့်နေရတာ တော်တော်စိုးတယ် ဒါနဲ့ ပတ်သတ်ပြီးတော့ မြောင်းမြက သမ္မတလာတဲ့ သမ ချေးငွေပွဲမှာ ဦးရဲထွဠ်(ယခင်ဦးသိန်းစိန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ)ကိုကျနော်ပြောဖူးတယ် ကလေးတွေ မိုးရေထဲမှာနှစ်နာရီ သုံးနာရီလောကကြိုစောင့်နေရတော လူ့ အခွင့်ရေးရရော စိတ်ပိုင်းဆိုင်ရာအရရော  မကောင်းဘူး ဒါတွေကိုရော ဘယ်လိုကြီးကြပ်မလဲဆိုတာ မေးဖူးတယ် သူ ကတော့ ကောင်းသလို ဖြေသွားတယ်သို့ သော်နောက်ပိုင်းလည်း ဒီပုံစံပဲ ဟု သတင်းစာဆရာတစ်ဦးကပြောသည်။

ယင်းကဲ့ သို့ ပင် ကျောင်းသားကျောင်းသူများဆရာ  ဆရာမများ  ကြိုဆိုရခြင်းအင်အားပြရခြင်းများ ကပြဖျော်ဖြေရမှုများလက်အုပ်ချီ ကန်တော့ခြင်းများသည် ယခု အစိုးရလက်ထက်တွင်လည်း ရှိနေဆဲ ပဲဖြစ်သည်။

ဒီဓလေ့ကအာဏာရှင်စနစ်ကဆင်းသက်လာတာ ဒါတွေရှိနေသေးရင်အာဏာရှင်အငွေအသက်မကုန်သေးဘူးဆိုတာဖော်ပြတာပဲ ပြည်သူကကြည်ညိုလို့  နေပူထဲမှာလာစောင့်တာနဲ့  တာဝန်ပေးထားလို့ နေပူထဲမှာစောင့်နေရတာကတော့ မတူဘူး နောက်တစ်ခုက လက်အုပ်ချီတာ ရှစ်ခိုးတာနဲ့ ပတ်သတ်လို့ ကတော့ဝိုင်အမ်ဘီအေအစည်းအဝေးက ဦးညွတ်ရုံနဲ့ လုံလောက်တယ်လို့ ဆုံးဖြတ်တယ် အခု သက်ဆိုင်ရာဝန်ကြိးကပြောထားတယ်သတိပေးတယ်ဆိုတာကိုကြီုဆိုတယ် တကယ်ပြောထားတောကိုမှလက်တွေ့ မှာ အင်းအားအဖြစ်အသုံးပြုခံနေရတယ်ဆိုရင် အများပြည်သူရှေ့ မှာကို ပြတ်ပြတ်သားသားပြောသင့်တယ်ဟု အငြိမ်စားကျောင်းဆရာ ဦးသန်းဝင်းကပြောသည်။

မျိုးမင်းပိုင်

No comments:

Post a Comment