Photo Credit
မြောက်ဦး ဇန်န၀ါရီ ၁၇
ရခိုင်ပြည်နယ် မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက်ရှိ နန်းတော်ရာကုန်း၌ ရခိုင်ဘုရင့် နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးသည့် (၂၃၃) နှစ်မြောက် အထိမ်းအမှတ် စာပေဟောပြောပွဲ ပြုလုပ်ရန်ကိစ္စနှင့် ပတ်သက်၍ တားမြစ်မှုအပေါ် မကျေနပ်သဖြင့် ဇန်န၀ါရီ ၁၆ ရက် ည ၇ နာရီခန့်တွင် လူစုလူဝေးဖြစ်ပေါ်ခဲ့ကြောင်း၊ ၎င်းတို့က မြောက်ဦးမြို့အတွင်း ကြွေးကြော်သံများဖြင့် လှည့်လည်စဉ် ရဲတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက ရဲလုပ်ငန်းများနှင့်အညီ အဆင့် ဆင့် တားမြစ်ခဲ့သော်လည်း အခြေအနေပိုမိုဆိုးရွားလာသဖြင့် သေနတ်ဖြင့် သတိပေး ခြောက်လှန့် ပစ်ခတ်ခြင်း၊ လူစုကွဲစေရန် ပစ်ခတ်ခြင်းများပြုလုပ်ခဲ့မှုကြောင့် အမျိုးသား ၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်တွင် လူစုလူဝေးမှ ကျောက်ခဲများဖြင့် ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂၀ ခန့် ထိခိုက်ဒဏ်ရာများ ရရှိပြီး ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်း ၀န်ထမ်း ဆိုင်ကယ်အချို့ ပျက်စီးခြင်း၊ ဌာနပိုင်မော်တော်ယာဉ်အချို့ပျက်စီးခြင်း၊ ရုံးခန်း နှင့် မှန် တံခါးများပျက်စီးခြင်း စသည်ဖြင့် ပျက်စီးမှုအချို့ရှိခဲ့ကြောင်း၊ နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ကြေးမှုံ
No comments:
Post a Comment