Latest News

Monday, January 1, 2018

သုံးခွမြို့ အမှတ်၉ရပ်ကွက် ဥက္ကချောင်းအတွင်းတွင် လူသေ အလောင်းတွေ့ရှိ


သုံးခွ - ဇန်န၀ါရီ ၁

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့ အမှတ်၉ရပ်ကွက် ဥက္ကချောင်းအတွင်းတွင် ဇန်နဝါရီ ၁ရက် နံနက် ၁၀နာရီခွဲ အချိန်ခန့်က လူသေအလောင်း တွေ့ရှိရကြောင်း သိရပါသည်။

အဆိုပါ သတင်းရရှိသဖြင့် ခေတ္တသုံးခွမြို့မရဲစခန်းမှူးရဲအုပ်မြင့်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူသွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဇော်မျိုးဦး(ခ)ဆတ်သီး၊ အသက်တစ်နှစ်ခွဲခန့် ဗန္ဓုလကုလားစု အမှတ်၉ရပ်ကွက်နေသူ ဖြစ်ကြောင်း သိရှိရသည်။

ဖြစ်စဉ်အား စုံစမ်းရာမိခင်ဖြစ်သူ မသီတာဝင်းသည် နေအိမ်ခြံဝင်းအတွင်း အလုပ်လုပ်နေစဉ်
နံနက် ၁၀နာရီ ၁၅မိနစ်ခန့်တွင် သားဖြစ်သူအား ခြံဝင်းအတွင်းရှာဖွေရာ မတွေ့ရှိရသဖြင့် လိုက်လံရှာဖွေရာ သားဖြစ်သူဇော်မျိုးဦး မှာ နေအိမ်တောင်ဘက် ဦးစိန်လှအောင် ဘဲခြံအနီး အကျယ်ပေ၃၅ပေခန့် အနက် ၅ပေခန့် ဥက္ကချောင်းစပ်တွင် ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်။

 တာဝန်ရှိသူများမှ စစ်ဆေးရာ ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိရဘဲ ရေနစ်သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရသည် ယင်းဖြစ်စဉ်နှင့် ပက်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် သိရှိနိုင်ရန် သုံးခွမြို့မရဲစခန်းမှ အမှုရေးဖွင့်စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်းသိရှိရသည်။

ကိုကျော်(သုံးခွ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

No comments:

Post a Comment