Latest News

Monday, January 29, 2018

ဘုရားမီးပူဇော်ရာမှမီးလောင်မှုဖြစ်ပွား

ဘုရားမီးပူဇော်ရာမှမီးလောင်မှုဖြစ်ပွား

ရွှေကျင်ဇန်နဝါရီ ၂၉

          ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် အနောက်ဘက်ကျေးရွာအုပ်စု မောင်းရုံကျေးရွာတွင် ဇန်နဝါရီ၂၈ ရက်ည၇နာရီ၅၀မိနစ်တွင်ဖယောင်းတိုင် မီးဖြင့် ဘုရားမီးပူဇော်ရာမှမီးလောင်မှုဖြစ်ပွားကြောင်းသိရသည်။
              မီးလောင်ရာနေရာသို့ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးသူပါ(၁၅)ဦး မြို့နယ်ရဲမှူးချမ်းမြေ့ထွန်းဦးစီး၍ တပ်ဖွဲ့ဝင်(၂၀)ဦး ရွှေကျင်မီးသတ်ဦးစီးဌာနမှဦးစီးမှူး ဦးဇော်ညီညီလွင်ဦးစီး၍သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်(၃၇)ဦး ဒေသခံပြည်သူ(၅၀)ကျော် တို့နှင့်အတူ ရွှေကျင်မြို့မှ မီးသတ်ယာဉ်(၂)စီး မဒေါက်မြို့မှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ ည၈ နာရီ၁၅ မိနစ်တွင်မီးငြိမ်းသွားခဲ့သည်။
             မီးလောင်မှုကြောင့်အိမ်ပိုင်ရှင်ဒေါ်ရီမြင့်(၆၀)နှစ်၏နေအိမ် ၃ပင်ပတ်လည် ထရံကာ ဝါးခင်း သွပ်မိုး နေအိမ် ကာလတန်ဖိုး (၄၅၀၀၀)ကျပ်ခန့်မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့သည်။အဆိုပါမီးလောင်မှုကြောင့်မီးအားပေါ့ဆစွာသုံးစွဲသူအိမ်ပိုင်ရှင်ဒေါ်ရီမြင့်အားရွှေကျင်မြို့မရဲစခန်းမှဥပဒေအရ အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)

No comments:

Post a Comment