ရန်ကုန် ဇန်နဝါရီ ၃ဝ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်က ပြုလုပ် သည့် '' စု'' အသက်မွေးဝမ်းကျောင်းသိပ္ပံ (ပညာဒါန) ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်း က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အမှတ်(၇) ရပ်ကွက် စိန်ပန်းမြိုင်လမ်းရှိ အဆိုပါကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအား နိုင်ငံတော်သီချင်းဖြင့် သီဆို၍ အလေးပြုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးÓဏ်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ အဆောက်အအုံ အလှူရှင် Mr. Yukio Kagaya ၊ ကွန်ပျူတာအလှူရှင်Mr.Yoshiaki Banino နှင့် မြေကွက်အလှူရှင် ဒေါ်လဲ့လဲ့တို့က '' စု'' အသက် မွေးဝမ်းကျောင်းသိပံ္ပ(ပညာဒါန) ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးÓဏ်ဝင်းက နှုတ်ခွန်း ဆက် အမှာစကားပြောကြားပြီး ကျောင်းအဆောက်အအုံ လှူဒါန်းသော ဂျပန်နိုင်ငံမှအလှူရှင် Mr. Yukio Kagaya က လှူဒါန်းမှုဖြစ်ပေါ်လာရခြင်းအကြောင်းကို ရှင်းလင်းပြောကြား သည်။
ယင်းနောက်MPTမှ ကိုယ်စားလှယ်တစ်ဦးက အမေ့အိမ် ပညာဒါနကျောင်းသို့ ကွန်ပျူတာများ လှူဒါန်းရခြင်း ရည်ရွယ် ချက်ကို ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အလှူရှင်များအား ကျေးဇူးတင် စကားပြောကြားကာ ကျောင်းဆောင်သစ်အတွင်း လှည့်လည် ကြည့်ရှုကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် မှ ညှိနှိုင်းရေးမှူး ဦးအောင်လေးနွယ် (ခေါ်) ကိုငယ်က '' ဒီအဆောက်အအုံကို ခုနစ်လလောက် ဆောက်ခဲ့ရတာပါ၊ အခုတော့ အဆောက်အအုံကြီး ပြီးမြောက်အောင်မြင်သွား ပြီဖြစ်တဲ့အတွက် သင်တန်းတွေ စတင်ဖွင့်လှစ်ပါတော့မယ်၊ သင်တန်းအနေနဲ့ အဓိကကတော့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ òန်ကြားချက်နဲ့အညီ အသက်မွေးဝမ်းကျောင်း ပညာသီးသန့်သင်မယ့်ကျောင်းဖြစ် ပါတယ်၊ အခုဆိုရင် ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်၊ ဂျပန် စကားပြော သင်တန်းတွေကိုလည်း စတင်သင်ကြားပေးနေပါပြီ။ ကျောင်းသားလက်ခံတဲ့အပိုင်းအနေနဲ့ကတော့ ပညာအရည် အချင်းကန့်သတ်ထားတာမျိုး မရှိပါဘူး၊ ဒါပေမယ့် အလုပ် သမားဥပဒေအရ အသက်ကတော့ကန့်သတ်ထားပါတယ်၊ အသက် ၁၇ နှစ် ရဲ့ အထက်ကိုသာ ပညာသင်ကြားပေးမှာ ဖြစ်ပါတယ် '' ဟု ပြောကြားသည်။
လူငယ်ထု၏ အရည်အသွေးကို မြှင့်တင်ကာ တိုင်းပြည် တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းပညာများဖြစ်သော ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်နှင့် ကိုရီးယားဘာသာစကားသင်တန်း၊ အခြေခံ လျှပ်စစ်သင်တန်း၊ အခြေခံမိုဘိုင်းဖုန်း ပြုပြင်နည်းသင်တန်း များကို အဆိုပါကျောင်း၌ အခမဲ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ပြီး ကိုရီးယား၊ တရုတ်ဘာသာစကားများအပြင် စက်ချုပ် သင်တန်းအစရှိသည့် အသက်မွေးဝမ်းကျောင်းပညာများကို တိုးချဲ့ဖွင့်လှစ်၍ သင်ကြားပို့ချသွားရန် စီစဉ်ထားကြောင်း သိရသည်။
ယနေ့အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ တာဝန်ရှိသူများ၊ အလှူရှင်များ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ အဆိုပါ ကျောင်း၏ မြေနေရာကို ဦးအောင်သိန်း(ကွယ်လွန်)၊ ဒေါ်လဲ့လဲ့ မိသားစုမှ လှူဒါန်းထားခြင်းဖြစ်ကြောင်း သိရသည်။
သတင်းနှင့် ဓာတ်ပုံ - ဇော်ကြီး(မြန်မာ့အလင်း)
No comments:
Post a Comment