ရှော့ခ်ဖြစ်၍ မီးလောင်ပေါက်ကွဲမှုကြောင့် ယာဉ်ကြောခေတ္တပိတ်ဆို့
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကပ်မှော်ဇွပ်ကျေးရွာအုပ်စု တံတားညီနောင်ကျေးရွာနှင့် ပြားအုံကျေးရွာကြား ဖားကန့်-ကာမိုင်းသွားလမ်းမပေါ်တွင် ဆီပေပါသယ်ဆောင်လာသောယာဉ်မှာ ဝါယာရှော့ခ် ဖြစ်၍ မီးလောင်ပေါက်ကွဲမှုကြောင့် ယာဉ်ကြောခတ္တပိတ်ဆို့ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီ(၁၃)ရက် နံနက်(၁၁)နာရီခန့်တွင် ဖားကန့်သို့မောင်းနှင်လာသော ၁၂ဘီးဆီသယ်ယာဉ် (၁)စီး၊ ဝါယာရှော့ခ်ဖြစ်၍ မီးလောင်ပေါက်ကွဲခဲ့ရာ ယာဉ်ကြောခတ္တပိတ်ဆို့ခဲ့ပြီး (၁၂)နာရီ (၃၀)မိနစ်တွင် မီးညွှန့်ကျိုးခဲ့ရာ (၁)နာရီ(၁၅)မိနစ်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုဖြစ်ပွားသည့်နေရာသို့ ကာမိုင်းမြို့အုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးဌာနမှူး၊ ကာမိုင်းနယ်မြေ ရဲစခန်းမှူးနှင့်ကပ်မှော်ဇွပ်အုပ်ချုပ်ရေးမှူးတို့က အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးနေကြောင်းသိရ သည်။
“ ဆီပေပါတင်လာတဲ့ကားမီးလောင်နေလို့ ဆက်သွားလို့မရသေးတာပါ အခုမီးငြိမ်းသွားပြီဆိုတော့ ကားတွေပုံမှန်အတိုင်း သွားလာနေပါပြီ”ဟု ဖားကန့်လမ်းတွင်ပြေးဆွဲနေသော ကားသမား ကိုစောဝင်းထွန်းမှ ပြောသည်။
အခင်းဖြစ်ပွားရာအနီးတွင် အတက်အဆင်းကားများ ခေတ္တရပ်တန့်စောင့်ဆိုင်းခဲ့ရပြီး (၁)နာရီ(၂၀)မိနစ်တွင် မော်တော်ယာဉ်များ ပုံမှန်အတိုင်းသွားလာလျှက်ရှိကြောင်းသိရသည်။
ဦးမင်းမင်းဦး(မြန်မာ့အလင်း)
No comments:
Post a Comment