Latest News

Saturday, January 13, 2018

မန်းရွှေစက်တော်ဘုရားရှိ စောင်းတန်းဈေးသည်များ မူလနေရာရရှိရေး ဆန္ဒထုတ်ဖော်

မန်းရွှေစက်တော်ဘုရားရှိ စောင်းတန်းဈေးသည်များ မူလနေရာရရှိရေး ဆန္ဒထုတ်ဖော်

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ပွဲတော် ကာလအတွင်း ဘုရားစောင်းတန်းတစ်လျှောက်ဈေးသည်များ မူလနေရာပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ် ဖော်ပွဲကို ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင မင်းဘူးမြို့ အ.ထ.က (၁) ကျောင်းရှေ့မှ မင်းဘူးမြို့ မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ရုံးရှေ့ထိ စီတန်းလှည့်လည် ကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်သူများမှ (၁)ဈေးသည်များ၏ အခက်အခဲများကို မကွေးတိုင်း ၀န်ကြီးချုပ်က ပြန်လည်ဖြေရှင်းပေးရေး(ဒို့အရေး)၊ (၂)ဈေးသည်များ၏ ထမင်းအိုးကို မရိုက်ခွဲ ပါနှင့်၊ (၃)တရားနည်းလမ်းကျကျ မျှမျှတတ စီမံဆောင်ရွက်နိုင်သော  မန်းရွှေစက်တော် ဂေါပကဥက္ကဌ ပြန်လည်ရွေးချယ် ပေးရေး (ဒို့အရေး)ဟူသော ဗီနိုင်းများကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြကြောင်းသိရသည်။
''ဆန္ဒလာပြီးပြရတဲ့အကြောင်းအရင်းကတော့ ကျွန်မတို့ နှစ်စဉ်နှစ်တိုင်း ထွက်နေကျ နေရာလေးတွေကို သံဇကာကာထားတဲ့အတွက်ကြောင့် လာပြီးပြရခြင်း ဖြစ်ပါတယ်၊ဒီချိန်ဆို ကျွန်မတို့က ဈေးတွေကိုဖွင့်တောင် နေရပါပြီ ဒီလိုသံဇကာကြီးကာထားတဲ့အတွက် ကျွန်မတို့ ရောင်းလို့ မရပါဘူး''လို့ မန်းရွှေစက်တော် စောင်းတန်းအထည်ရောင်းသူ မရွှေစင်ထွန်း ကပြောသည်။
 '' ခေတ်အဆက်ဆက် ဘုရားပွဲတော်ကာလ စောင်းတန်း တစ်လျှောက်မှာ ဈေးရောင်း ချလာကြတဲ့ ဈေးသည်တွေပါ၊ ဂေါပကအဖွဲ့ရဲ့လုပ်ဆောင်ချက်တွေဟာ ဈေးတန်းဈေးသည် တွေရဲ့ စားဝတ်နေရေးကို အများကြီးထိခိုက်နစ်နာစေတဲ့အတွက် အခုလိုဆန္ဒထုတ်ဖော် ကြတာပါ'' ဟု မန်းရွှေစက်တော် စောင်းတန်းဈေးသည်တစ်ဦးမှ ပြောကြားသည်။
 ဆန္ဒထုတ်ဖော်သူများမှာ လူအင်အား (၁၀၀) ခန့်ရှိပြီး ဆန္ဒထုတ်ဖော် ပွဲကို နေ့လည် (၁၂း၃၀) အချိန်တွင်ပြီးဆုံးကြောင်း သိရှိရသည်။ မျိုးမြတ်(မင်းဘူး)မြန်​မာ့အလင်း

No comments:

Post a Comment