Latest News

Monday, January 29, 2018

ရာသီကုန်တွင် ချယ်လ်ဆီးမှ နည်းပြကွန်တီ ထွက်ခွာရန်များနေ ဘာစီလိုနာ နည်းပြဟောင်း အင်းနရစ် ဆက်ခံရန် ရေပန်းစား

ရာသီကုန်တွင် ချယ်လ်ဆီးမှ နည်းပြကွန်တီ ထွက်ခွာရန်များနေ ဘာစီလိုနာ နည်းပြဟောင်း အင်းနရစ် ဆက်ခံရန် ရေပန်းစား

လန်ဒန် ဇန်နဝါရီ ၂၈

ချယ်လ်ဆီးနည်းပြ ကွန်တီသည် အသင်းဘုတ်အဖွဲ့နှင့် ဆက်ဆံရေးပြိုလဲနေခြင်းကြောင့် ယခုဘောလုံးရာသီ အကုန်တွင် အသင်းမှထွက်ခွာခြင်း သို့မဟုတ် ထုတ်ပယ်ခံရခြင်းကြုံရနိုင်ပြီး ၎င်းနေရာတွင် ဘာစီလိုနာ နည်းပြဟောင်း အင်းနရစ်ကို အစားထိုးရန် ချယ်လ်ဆီးအသင်းက အဓိက ပစ်မှတ်ထားနေကြောင်း ဒေးလီးမေးလ် သတင်းစာက ဖော်ပြသည်။

ကွန်တီသည် အပြောင်းအရွှေ့ပေါ်လစီကို အသင်းဒါရိုက်တာ ဂရာေ နာ့ဗ်စကီ ယာကသာ အသင်းပိုင်ရှင်အလိုကျ စီမံခြင်းကို မကျေနပ်ဘဲ ယခင် မိမိနှင့်အသင်းဘုတ်အဖွဲ့ကြား ညှိနှိုင်းပေး သော ဒါရိုက်တာအီမီနာလိုလည်း အသင်းမှ ထွက်ခွာသွားပြီဖြစ်၍ ဘုတ်အဖွဲ့နှင့် စကားပင် မပြောတော့ဘဲ နေထိုင်နေပြီး နယူးကာဆယ်နှင့် အက်ဖ်အေဖလားပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင်လည်း ဘုတ်အဖွဲ့နှင့် အဆင်မပြေသည့် အကြောင်း ထုတ်ဖော်ပြောသည်။ ကွန်တီသည် ပြီးခဲ့သည့်ရာသီတွင် အသင်းအတွက် ဂိုးအများဆုံးသွင်းပေးနိုင်သော တိုက်စစ်မှူး ဒီယေဂိုကော်စတာကို အသင်းမှ ထွက်ခွာစေခြင်းအတွက် အသင်းဘုတ်အဖွဲ့နှင့် အဆင်မပြေတော့ဘဲ မာတစ်ကို မိမိသဘောမပါဘဲ မန်ယူအသင်းထံ ပြောင်းခွင့်ပေးခဲ့ ခြင်းကြောင့် ဘုတ်အဖွဲ့နှင့် ဆက်ဆံရေးပြိုလဲခဲ့သည်။ ထို့ကြောင့် နယူးကာဆယ်နှင့်ပွဲအပြီးတွင်''ကျွန်တော်က တစ်လမ်းတည်းသမားပါ။

လူမှုရေးပိုင်း၊ သံခင်းတမန် ခင်းပိုင်းကောင်းတဲ့သူလည်း မဟုတ်ဘူး။ ခင်ဗျားတို့အားလုံး ကောင်းကောင်းသိပါတယ်။ တစ်ချိန်တည်း မှာပဲ ကျွန်တော်က အလွန်ရိုးသားတယ်။ ကိုယ်က တခြားသူတွေနဲ့ အရိုးသားဆုံး ဆက်ဆံရင် ဘယ်တော့မှ မကျဆုံးဘူး။ ကိုယ့်အကျင့်ကို ပြောင်းဖို့ကြိုးစားမယ်ဆို ကစားသမားဘဝမှာဆိုရင် အနားယူလိုက်မယ်။ နည်းပြ ဘဝမှာဆိုရင်လည်း ဒီလောကက ထွက်သွားလိုက်မယ်။ ကျွန်တော်က ဟန်ဆောင်တဲ့လူတွေကို မုန်းတယ်။ အရာရာအားလုံးကို အမှန်အတိုင်းပဲ ပြောတယ်'' ဟု ကွန်တီကပြောသည်။

ချယ်လ်ဆီးအသင်း အတွင်းလူ တစ်ဦးက ဂရာနော့ဗ်စကီယာသည် အသင်းပိုင်ရှင် မိုဗစ်ခ်ျလက်ရုံးဖြစ်ပြီး ၎င်းနှင့် မိုဗစ်ခ်ျတို့၏ စကားကို လက် မခံသည့် နည်းပြတိုင်း ထုတ်ပယ်ခံရကြောင်းပြောသည်။ အင်းနရစ်သည် ပြီးခဲ့သည့် နှစ်ဘောလုံးရာသီကုန်တွင် ဘာစီလိုနာနည်းပြအဖြစ်မှ အနားပေးခံရပြီး ယခုအထိ အလုပ်လက်မဲ့ဖြင့် နေထိုင်နေသူ ဖြစ်ခြင်းကြောင့် ချယ်လ်ဆီးအသင်းပိုင်ရှင်က တခြားအသင်းများနှင့် စာချုပ်ရှိသော နည်းပြများ အား စာချုပ်ဖျက်ကြေးပေးပြီး ခေါ်ယူခြင်းထက် အလွတ်ခေါ်ယူနိုင်သည့် အင်းနရစ်ကိုသာ ခေါ်ယူရန် အဓိကပစ်မှတ်ထားကြောင်း၊ ဂျူဗင်တပ်စ်နည်းပြအလီဂရီထက် အင်းနရစ်ကို ပထမပစ်မှတ် အဖြစ်ထားရှိကြောင်း ဒေးလီးမေးလ်သတင်းစာက ဖော်ပြခဲ့သည်။(MWD)

No comments:

Post a Comment