Latest News

Wednesday, January 31, 2018

ြိကိုးဆွဲချသေကြောင်းကြံသူကို အသက်ပြန်ရှင်လာအောင် ပြုစုဆောင်ရွက်ပေးခဲ့သူ


24-12-2017 ရက်နေ့နံနက်(09:00)နာရီခန့်အချိန်
သာပေါင်းမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကြက်ခြေနီတပ်စုမှူး ဇော်ဝင်းနိုင်သည် ၄င်းနေထိုင်ရာကျေးရွာနေအိမ်မှ တစ်ဘက်ကျေးရွာဘက်သို့နံနက်ပိုင်းလမ်းလျှောက်လေ့ကျင့်ခန်းပြုလုပ်စဉ် တစ်ဘက်
ကျေးရွာအရောက်လူအများစုဝေးနေသည်ကိုမြင်တွေ့သဖြင်သွားရောက်ကြည့်ရှုရာ ၄င်းကျေးရွာတွင်နေထိုင်သူ ၁၀-တန်းကျောင်းသား မောင်----သည်ကြိုးဆွဲချသေဆုံးနေကြောင်းနှင့်
လူနာအားပက်လက်အနေအထားဖြင့်တွေရ၍ မေးမြန်းကြည့်ရာမကြာသေးမီကသေဆုံးကြောင်းသိရ၍ လူနာအားစစ်ဆေးကြည့်ရာ လူနာမှာ သွေးခုန်ခြင်း နှလုံးခုန်ခြင်း အသက်ရှူခြင်း
များအား စမ်းသပ်မရတော့သဖြင့် ၄င်းဇော်ဝင်းနိုင်မှ "မိမိအနေဖြင့်ကြိုးစားပြုစုပေးချင်ပါကြောင်း သို့သော်လည်း အသက်ရှင်ရန်အာမ မခံပါကြောင်း ကာယကံရှင်များမှ လက်ခံမည်ဆိုပါက
မိမိတတ်နိုင်သရွေ့ပြုစုမည်ဖြစ်ကြောင်း ပြောဆိုခွင့်ပန်ရာကာယကံရှင်မိသားစုများနှင့်ကျေးရွာလူထုမှလက်ခံခဲ့သည့်အတွက် မောင်ဇော်ဝင်းနိုင်မှရှေးဦးပြုစုခြင်း အသက်ရှူအားကူ
နှလုံးနှိုးဆွခြင်း(CPR)နည်းဖြင့် (၆)ကြိမ်ခန့်တစ်ဦးတည်းပြုစုဆောင်ရွက်ပေးခဲ့ရာ လူနာမှာ နှလုံးပြန်လည်ခုန်လာပြီးအသက်ပြန်လည်ရှူလာခဲ့သည့်အတွက် လူနာအားသာပေါင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ မော်တော်ယာဉ်ဖြင့်၎င်းကိုယ်တိုင်လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်းနှင့်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးထံသို့လည်းဖုန်းဖြင့်သတင်းပေးပို့ခဲ့ကြောင်း ယခုအခါ လူနာမှာပြန်လည်ကောင်းမွန်သက်သာ
လာပြီဖြစ်ပြီး၎င်း၏နေအိမ်တွင် မိသားစုနှင့်အတူကျန်းမာစွာနေထိုင်လျှက်ရှိနေပါသည်------
https://www.facebook.com/kyaw.thann.581/posts/190905524977598





No comments:

Post a Comment