Latest News

Wednesday, January 31, 2018

မော်တင်စွန်းစေတီတော် ထီး​တော်​တင်​လှူပွဲနှင့်​ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်​ပွဲအခမ်းအနား

မော်တင်စွန်းစေတီတော် ထီး​တော်​တင်​လှူပွဲနှင့်​ ဗုဒ္ဓပူဇနိယပွဲတော်
ဖွင့်​ပွဲအခမ်းအနား














မြတ်မော်တင်စွန်း ဆံတော်ရှင်စေတီတော်မြတ်ကြီး ဖွင့်​ပွဲအခမ်းအနားသို့ ကျိုက်ထီးဆောင်းအဘိုးဆရာတော်ဘုရားကြီး၏ဆန္ဒတော်နှင့်အညီ ထီးတော် အဆူ (၅၀၀) ပြည့်တင်လှူပူဇော်မည့်ဆံတော်ရှင် မော်တင်စွန်းစေတီတော်တွင်ကျင်းပပြုလုပ်သော ထီးတော်ဘုံမကြီး(၂)ဆင့်တင်လှူပူဇော်ခြင်း နှင့် ဖောင်တော်ဆိပ်စေတီတော်၊အရံစေတီတော်(၂၂)ထီးတော်တင်လှူပူဇော်ခြင်းအားကျိုက်ထီးဆောင်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ နာဂဒီပ နှင့်မော်တင်စွန်းဆရာတော်တို့အား အမှူးထား၍သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်
အစိုးရအဖွဲ့ဝန်ကြီးများနှင့်ဥက္ကဌကြီး ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ
ဦးဆောင်သောအလှူဒါယကာ၊ဒါယိကာမများမှတက်ရောက်တင်လှူပူဇော်​ခဲ့သည်​။

မော်တင်စွန်း ဘုရားပွဲတော်ကို နှစ်စဉ်ကျင်းပနေတာဖြစ်ပြီး အခုနှစ်ဘုရားပွဲတော်ကိုလည်း တပို့တွဲလကွယ်​မှတ​ပေါင်းလပြည့်​​နေ့ထိ
ကျင်းပသွားမှာဖြစ်ကြောင်း ဘုရားပွဲတော်ကျင်းပရေး ကော်မတီကနေ သိရှိရပါသည်​။

မြတ်မော်တင် (မော်တင်စွန်း) စေတီတော်မြတ်ကြီးဟာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့မှာရှိတဲ့ တန်ခိုးကြီးသမိုင်းဝင်ဆံတော်ရှင် စေတီတစ်ဆူ လည်းဖြစ်ပါသည်။

သတင်း၊​ပိုတို -​ ဇေကမ္ဘာ ကုမဏီ(တိုင်းဧရာ)

No comments:

Post a Comment