Latest News

Wednesday, January 31, 2018

ပိဋိကတ်သုံးပုံ အာဂုံ ဆောင် နိုင်တဲ့ ဆရာတော် အရှင်သေဋ္ဌဥာဏအလက်ာရ ကိုတိပိဋကဓရ ဘွဲ့တံဆိပ်တော် အောင်လက်မှတ် အရိုးနီကနက္ကဒဏ်ထူးဖြူ တံဆိပ်တော်ပါ သာသနအောင်လံကို ဆက်ကပ် ဂုဏ်ပြုကြမယ်


အောင်ပြန်ပြီ အောင်ပြန်ပြီ

မြန်မာ့သမိုင်းမှာ ပထမဆုံး ပိဋိကတ် ၃ ပုံ
အာဂုံဆောင်နိုင်တာ မင်းကွန်းဆရာတော်ကြီးပါ
ယခုနောက်ထက် ပိဋိကတ်သုံးပုံ အာဂုံ ဆောင်
နိုင်တဲ့ ဆရာတော် တစ်ပါး ပေါ်ထွက်လာပါပြီ
ဘွဲ့နာမည်က အရှင်သေဋ္ဌဥာဏအလက်ာရ
၁၃၄၀ တပေါင်းလပြည့်ကျော် ၄ရက်
မွေးဖွားသန့်စင် ခဲ့ပါတယ်
စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ရေဗုကြီးရွာနေ
ခမည်းတော်ဦးတင်စော် မယ်တော်ဒေါ်အုံးခ
၇မိုင် စော်ဘွားလေးဆရာတော် ဘဒ္ဒန္တက္ကန္တစာရ
ဦးပဇ္ဈာယ်ပြုပြီး ရဟန်းပြုခဲ့သည် ။
သက်တော် ၃၇ ဝါတော် ၁၇ဝါ နှစ်ရှိပါပြီ။
အကြိမ် ၇၀ မြောက် တိပိဋကဓရ တိပိဋကကောဝိဓ
ရွေးချယ်ပွဲမှာ မြန်မာပြည်ရဲ့ ၂၂ ဦးမြောက်
ပိတိဋကတ် သုံးပုံ အာဂုံဆောင်နိုင်ခဲ့ပါတယ်
ဒါကြောင့် တိပိဋကဓရ ဘွဲ့တံဆိပ်တော်
အောင်လက်မှတ် အရိုးနီကနက္ကဒဏ်ထူးဖြူ
တံဆိပ်တော်ပါ သာသနအောင်လံကို ဆက်ကပ်
ဂုဏ်ပြုကြမယ် လို့ သိရပါတယ် ခင်ဗျာ။

ရွှေမြန်မာတို့ သာဓု သာဓု သာဓု ခေါ်ကြပါစို့
ရွှေ မြန်မာတို့ရေ ။
Sein Lone‎







No comments:

Post a Comment