Latest News

Thursday, January 4, 2018

မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဖွဲ့စည်းပုံစည်းမျဉ်း ရှင်းလင်းခြင်းအခမ်းအနား ပုသိမ်မြို့၌ ပြုလုပ်

မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဖွဲ့စည်းပုံစည်းမျဉ်း ရှင်းလင်းခြင်းအခမ်းအနား ပုသိမ်မြို့၌ ပြုလုပ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ မြို့နယ် ဘောလုံးအဖွဲ့ချုပ်   ဖွဲ့စည်းပုံစည်းမျဉ်း ရှင်းလင်းခြင်း အခမ်းအနားကို ဇန်နဝါရီ ၂ ရက်က ပုသိမ်မြို့၌ ကျင်းပရာ  ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူ များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ  ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ဘောလုံး အဖွဲ့ချုပ်များ        ဖွဲ့စည်းရေးလုပ်ငန်း ကော်မတီအတွင်းရေးမှူး ဦးကိုကိုသိန်း (အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်)နှင့် တာဝန်ရှိသူများ၊ တက်ရောက်ကြသည်။

အခမ်းအနားတွင်  မြို့နယ်ဘောလုံး အဖွဲ့ချုပ်များ      ဖွဲ့စည်းရေးလုပ်ငန်း ကော်မတီအတွင်းရေးမှူး ဦးကိုကိုသိန်း (အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်)က မြို့နယ်ဘောလုံး အဖွဲ့ချုပ်များ    ဖွဲ့စည်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်ကို   ရှင်းလင်းပြောကြားပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာသူများက မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဖွဲ့စည်းပုံများ နှင့်စပ်လျဉ်း၍ မေးမြန်းရာ တာဝန်ရှိသူ များက ပြန်လည်ဖြေကြားသည်။ မြို့နယ် ဘောလုံးအဖွဲ့ချုပ်များ ဖွဲ့စည်းရေးလုပ်ငန်း ကော်မတီအတွင်းရေးမှူး ဦးကိုကိုသိန်း (အထွေထွေအတွင်းရေးမှူး၊  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်)နှင့် အဖွဲ့သည် ယင်း တွေ့ဆုံပွဲမတိုင်မီ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမန်းဂျော်နီနှင့် တွေ့ဆုံ၍ မြို့နယ်ဘောလုံးအဖွဲ့ချုပ်    ဖွဲ့စည်းမည့် အစီအစဉ်များအား    ရှင်းလင်းတင်ပြ ခဲ့သည်။

မြန်မာနိုင်ငံ     ဘောလုံးအဖွဲ့ချုပ် သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ မြို့နယ်ဘောလုံးအဖွဲ့ချုပ်များ ဖွဲ့စည်းရန် ဆောင်ရွက်လျက်ရှိပြီး မကွေး၊ မ္တလေး၊ တနင်္သာရီ၊ ဧရာဝတီ၊ ရခိုင်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့၌  တွေ့ဆုံရှင်းလင်းပြီး ဖြစ်ကာ ကျန်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း   ဆက်လက် လုပ်ဆောင်မည်ဖြစ်သည်။ သတင်း-ဖိုးသော်ဇင် ၊ဓာတ်ပုံ-MFF(မြန်​မာ့အလင်း)

No comments:

Post a Comment