Latest News

Wednesday, January 10, 2018

အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့ တပ်မတော်သားများ

အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့ တပ်မတော်သားများ


ဧရာဝတီတိုင်းဒေသကြိး လွတ်တော်မှာရှိတဲ့  တပ်မတော်သားကိုယ်စားလှယ်တွေ ဟာ ကြံ့ ခိုင်ဖွံ့ ဖြိုးရေး ပါတိ နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါတီ ဘယ်ဘက်ကမှမဟုတ်ပဲ အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့  သူတွေ ဖြစ်တယ်လို့ တိုင်းဒေသကြိး အစိုးရအဖွဲ့  လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောပါတယ်။

ဒေါက်တာလှမြတ်သွေးဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ ပြီး ယခင်ကြံ ခိုင်ရေး အစိုးရလက်ထက်တွင် လွတ်တော်ကိုယ်စားလှယ်အမတ်တစ်ယောက်အနေဖြင့် တိုင်းဒေသကြီးလွတ်တော်တွင် အတိုက်အခံ ဖြစ်ရပ်တည်ကာအစိုးရအဖွဲ့ စီမံကိန်း များဘက်ဂျက်များ လုပ်ဆောင်ချက် အလွဲအမှားများကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ ဖူးသူတစ်ဦးလည်းဖြစ်ပါတယ်။

အန်တီတို့ ဟိုဘက်လွတ်တော်သက်တမ်းသုံးနှစ်အတွင်းမှာရောပေါ့ ခု တိုင်းဒေသကြီးလွတ်တော်မှာရှိတဲ့ တပ်မတော်သားတွေဟာ တကယ်ပဲ ပြည်သူ့ အကျိုးစီးပွါးကိုရှေးရှုတဲ့ တပ်မတော်သားတွေလို့ မြင်တယ် သူတို့ မူဝါ ဒ တွေ ပေါ်စလီတွေ အရသာ လိုက်လျောညီထွေ နေကြတာဖြစ်ပေမဲ့ ဒီလွတ်တော်က တပ်မတော်သားတွေဟာ ဘယ်သူ့ ဘက်ကမှ မဟုတ်ဘူးဒါ အန်တီမြင်ရတဲ့ အမြင် ပါ ဟု ၄င်းကပြောပါတယ်။

အဆိုပါ တပ်မတော်သားလွတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူ့ အကျိုးစီးပွါးအတွက်တကယ် မှန်ကန်ကောင်းမွန်တယ် ကိစ္စရပ်တွေ မှာလည်း  ထောက်ခံကြမြဲဖြစ်တယ်လို့  ဒေါက်တာလှမြတ်သွေးကဆိုပါတယ်။

လက်ရှိ ဧရာဝတီတီုင်းဒေသကြီး လွတ်တော်တွင် တပ်မတော်သားလွတ်တော်ကိုယ်စားလှယ်(၁၈)ဦး ကြံခိုင်ဖွံ့ ဖြိုးရေးပါတီ ကိုယ်စားလှယ်(၂)ဦး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ကိုယ်စားလှယ် (၅၂)ဦးရှိနေပါတယ်။

ယခင်ဦးသိန်းစိန် ဦးဆောင်တဲ့ ကြံ့ ခိုင်ဖွံ ဖြိုး ရေး ပါတီအစိုးရအဖွဲ့ ဟာ တပ်မတော်သားခေါင်းဆောင်များဖြစ်တာကြောင့် တပ်မတော်သားကိုယ်စားလှယ်အများစု ဟာ ပြည်ခိုင်ဖြိုးပါတီအမာခံလို့  အများကလက်ခံထားကြပါတယ် ။

အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် NLDပါတီ ဦးဆောင်တဲ့  အစိုးရသစ် လက်ထက်မှာလည်း ပြည်သူ့ အကျိုးစီးပွါးအတွက် တပ်မတော်သားကိုယ်စားလှယ်တွေ အပါဝင် ကြံ ခိုင်ဖွံ့ ဖြိုးရေး ပါတီကိုယ်စားလှယ်တွနဲ့  ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲဆိုတာ ကိုလည်း မီဒီယာတွေအနေနဲ့ စောင့် ကြည့်နေပါ မကြာခင်မြင်ရတော့မှာပါလို့  ဒေါက်တာလှမြတ်သွေးကဆိုပါတယ်။

လက်ရှိ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့  တွင်ပါဝင်သော တပ်မတော်သားလွတ်တော်ကိုယ်စားလှယ် နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာ လှိုင်ကလည်း  အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်မယ့်အသေးစိတ်ထုတ်ဖော်မပြောသော်လည်း  ပူးပေါင်းဆောင်ရွက်မှာပါလို  ပြောပါတယ်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်  ၁၉၆၂  ကနေ ၂၀၁၅ အထိ  အုပ်ချုပ်ခဲ့ တဲ့ တပ်မတော်သားခေါင်းဆောင်ထိပ်ပိုင်းတွေ ဦးဆောင်တဲ့  အစိုးရ ဟာ သူတို့ ကိုသူတို့ အစိုးရလို့ နည်းမျိုးစုံနဲ့ ကြော်ငြာပြီး ပြည်သူက လက်ခံသော်လည့်း တပ်က ဘက်ကင် အင်အားရှိတဲ့ အတွက်ကြောင့် နှစ်ပေါင်(၅၀)လုံး ပြည်သူမကြိုက်ပေမဲ့   သက်တန်းရှည်ကြာ အုပ်ချုပ်နိုင်တာဖြစ်တယ်လို့ လည်း နိုင်ငံရးလေ့ လာသူတစ်ချို့ က သုံးသပ်ကြပါတယ်

သမိုင်းအဆက်ဆက်ကိုကြည့်လျှင် တပ်မတော် နှင့် သဟံဇာတ ဖြစ်တဲ့အစိုးရတွေသာ  အကောင်းဆုံးအုပ်ချပ် အကောင်ထည်ဖော်နိုင်တာဖြစ်တဲ့ အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ နဲ တပ်မတော်ပူးပေါင်းဆောင်ရွက်မှုဟာ ကောင်းတဲ့ အလားလာဖြစ်တယ်လို့  နိုင်ငံရေးလေ့ လာသူ ဦးသန်းဝင်းကပြောပါတယ်။

မျိုးမင်းပိုင်

No comments:

Post a Comment