Latest News

Saturday, January 6, 2018

ဖားကန့်ဒေသမှာ မြေစာပြိုကျမှုကြောင့် လုပ်ကွက်အတွင်း တရားမဝင် ရေမဆေးကျောက်ရှာဖွေသူ ၅ ဦးထပ်မံသေဆုံး ...


ဇန်နဝါရီလ ၆ ရက်နေ့ မနက် ၃ နာရီအချိန်ခန့်က ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝေခါကျေးရွာ လုပ်ကွက်အတွင်း ကျောက်စိမ်းကမ်းဘား ပြိုကျမှုကြောင့် လုပ်ကွက်အတွင်းတရားမဝင် ဝင်ရောက်တူးဖော်နေတဲ့ ရေမဆေးကျောက် တူးဖော်သူ( ၅) ဦးသေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ 

ကျင်းထဲမှာ ပွဲချင်းပြီးသေတာ သုံးဦး ၊ဝေခါ ကျေးလက်ကျန်းမာရေးဆေးခန်းမှာ တစ်ဦး ၊ဖားကန့် ဆေးရုံကို ပို့ဆောင်စဉ် လမ်းမှာ တစ်ဦး အားလုံး (၅) ဦး သေဆုံးခဲ့တယ်လို့ ဝေခါ လူမှုကူညီရေးအသင်းက တာဝန်ရဌိသူတစ်ဦးက အတည်ပြုပြောကြားခဲ့ပါတယ် ။ ဇန်နဝါရီလ ၄ ရက်နေ့ကလည်းဖားကန့်မြို့နယ် မော်ဝမ်းရပ်ကွက် မော်မောင်းဘွမ်မှော်မှာလည်း ဂျိတ်လန်း ကုမ္မဏီရဲ့ ကျောက်စိမ်းလုပ်ကွက် ကမ်းပါးယံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၆ ဦးသေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ရေမဆေးကျောက်ရှာဖွေသူ တစ်သိန်းဝန်းကျင်ခန့်ရှိပြီး နှစ်စဉ်မြေစာပုံပြိုကျမှုကြောင့်လူ ၅၀ ဦးထက်မနည်း သေဆုံးလျှက်ရှိနေပါတယ်။၂၀၁၈ ဇန်နဝါရီလ ပထမပတ်အတွင်း ရေမဆေးကျောက်ရှာသူ (၁၁) ဦးသေဆုံးခဲ့ပြီးဒဏ်ရာရရှိသူ (၃) ဦး ရှိခဲ့ပြီ ဖြစ်ပါတယ် ။

ခုလိုသေဆုံးနေရခြင်းဟာ အလုပ်လက်မဲ့ ဦးရေများပြားလာပြီး နိုင်ငံတော်အနေနဲ့ အလုပ်ကိုင်အခွင့်လမ်းတွေ မဖန်တီးပေးနိုင်နိုင်ခြင်း ၊အခြေခံလူတန်းစားများအတွက် အလုပ်အကိုင်အခွင့်လမ်းများ ဖန်တီးပေးနိုင်သော မြန်မာ့ကျောက်မျက်ရတနာ ဥပဒေရေးဆွဲနိုင်မှု နှောင့်နှေး ကြန့်ကြာနေခြင်းများကြောင့် ဖြစ်သည်ဟု ဒေသခံများနှင့် ရေမဆေးရှာဖွေသူများက ပြောဆိုနေကြပါတယ် ။
ဇော်မိုးထက် ( ဖားကန့် )

No comments:

Post a Comment