Latest News

Thursday, January 11, 2018

ဖားကန့်မြို့နယ်တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၀ရက်အတွင်း စွန့်ပစ်မြေစာပုံပြိုကျ၍ သေဆုံးသူ ၁၅ ဦးအထိရှိ

ဖားကန့်မြို့နယ်တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၀ရက်အတွင်း စွန့်ပစ်မြေစာပုံပြိုကျ၍ သေဆုံးသူ ၁၅ ဦးအထိရှိ

ဖားကန့် ဇန်နဝါရီ ၁၁

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်အတွင်း စွန့်ပစ်မြေစာပုံများ မကြာခနပြိုကျ၍ ရေမဆေးကျောက်ရှာဖွေသူများ သေဆုံးမှုများ ဖြစ်ပွား လျက်ရှိရာ ဇန်နဝါရီ၁၀ရက် နံနက်၁၀နာရီခန့်က ဆိပ်မူကျေးရွာအုပ်စု နန့်မှော်ကျေးရွာအနီးရှိ ရတနာစန်းရွှင် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီမြေစာပုံအဟောင်း ပြိုကျရာမှ ရေမဆေးကျောက်ရှာဖွေသူ နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 အဆိုပါကျောက်မျက်တူးဖော်ရေးကုမ္ပဏီအဟောင်းမှ စွန့်ပစ်မြေစာပုံတွင် ရေမဆေးကျောက်ရှာဖွေသူများ ကျောက်ရှာဖွေနေစဉ် အကျယ် ပေ ၂၀၀ ခန့် အမြင့်ပေ ၂၀၀ ခန့်ရှိသော မြေစာပုံပြိုကျခဲ့ခြင်းကြောင့် နန့်မှော်ကျေးရွာနေ မောင်နေလှိုင် ၁၆ နှစ်၊မောင်ခိုင်ဇော်ဦး ၂၀ နှစ် တို့နှစ်ဦးမှာ မြေစာပုံပိ၍ သေဆုံးခဲ့ပြီး ပြန်လည်တူးဖော်ရရှိကာ တာဝန်ရှိသူများမှ ကျန်ရှိသူများ(အရေအတွက်စီစစ်ဆဲ)အား ရတနာစန်းရွှင် ကုမ္ပဏီပိုင် VOLVO ဘက်ဟိုးယာဉ် ၅ စီးဖြင့် ဆက်လက်တူးဖော် ရှာဖွေနေကြောင်း သိရသည်။

 ယခုရက်ပိုင်းအတွင်း မြေစာပုံပြိုကျမှုများ မကြာခနဖြစ်ပေါ်နေပြီး ဇန်နဝါရီ ၄ရက်နေ့ကမော်မောင်းဘွမ်ကျေးရွာ၊ဂျိတ်လင်းကျောက်မျက်တူးဖော်ရေးကုမ္ပဏီမြေစာပုံတွင် သေဆုံးသူ ၆ ဦး၊၆ ရက်နေ့က ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာ၊အဂ္ဂရတနာကုမ္ပဏီမြေစာပုံတွင် ၅ ဦး၊၇ရက်နေ့က ရတနာမြေစာပုံကျေးရွာ ရတနာကြွယ်ဝသောမြေကုမ္ပဏီမြေစာပုံတွင် ၂ ဦး၊ယနေ့ ၁၀ ရက်နေ့တွင် နန့်မှော်ကျေးရွာ ရတနာစန်းရွှင် ကုမ္ပဏီ မြေစာပုံတွင် ၂ ဦး စုစုပေါင်း မြေစာပုံပိ၍သေဆုံးသူပေါင်း ဇန်နဝါရီလ ဝက်အတွင်း ၁၅ ဦးရှိနေပြီဖြစ်ကြောင်း သိရသည်။ဝင်းနိုင်  ကချင်မြေ(မြန်​မာ့အလင်း)

No comments:

Post a Comment

Blog Archive

Tags

Accident Ad Agriculture Article Astrology Aung San Suu Kyi Bagan Beauty Bogale Book Car Cartoon celebs Crime Crony Daily Popular Danubyu Dedaye Dhamma Dr Hla Myat Thway Education ELection Entertainment Environment Foreign Affairs General General Aung San General Knowledge Gossip Gov Health Herbal Hinthada History Hluttaw Ingapu Interview Job Kangyidaunt kyaik Lat Kyangin Kyaunggon Kyonpyaw Latputta Laymyethna Lemyethna Letter Ma Shwe Moe Mahn Johnny Maubin Mawlamyinegyun Media MMP MMP 1 money Myan Aung Myanmar Idol Myaungmya Myo Min Paing News Ngapudaw Ngathaingchaung NLD Nyaung Tone Opinion Pagoda Pantanaw Party Pathein People Photo Places Poem Police Politic Political Prisoner Popular Project Pyapon Quote School Bus Song Speech Sport Sports Student SYW SYW 1 Technology Thabaung Time Ayeyar Tourism Trailer Travel U Ba Hein U Ko Ni U Kyaw Myint U Win Htay USDP Video Wakhama Weather World News Yekyi Zalun စိတ်အဟာရ ရသစာများ စိုက်ပျိုးရေး ထူးဆန်းထွေလာ ဒီရေတော နာရေး ဗဒေငျ မဘသ မုံရွာ လယ်သိမ်းမြေသိမ်း လူပုဂ္ဂိုလ်များ လူပျောက်ကြော်ငြာ အရှင်သုစိတ္တ (မော်ကျွန်း) အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော် အထွေထွေ ဝေဖန်ရေး ထွေအုပ် ​မော်​တင်​စွန်း နိုင်ငံရေးအကျဉ်းသား

Labels

Recent Post