Latest News

Wednesday, January 31, 2018

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ဗိုလ်ချုပ်ကြေးရုပ်ထု သယ်ဆောင်ခြင်း အခမ်းအနားကျင်းပ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ဗိုလ်ချုပ်ကြေးရုပ်ထု သယ်ဆောင်ခြင်း အခမ်းအနားကျင်းပ

ရန်ကုန် ဇန်နဝါရီ ၃၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၂၉)ရပ်ကွက် မောင်းမကန်လမ်းနှင့် ပင်လုံလမ်းထောင့်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ထားရှိသော ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုအား ဇန်နဝါရီ ၃၁ ရက် နံနက် ၆ နာရီ ၅၅ မိနစ် အချိန်တွင် မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအသင်းပိုင် ယာဉ် ဖြင့် သယ်ဆောင်ခြင်းအခမ်းအနား ပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်(၁)ဦးတင်ထွန်းနိုင်၊ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်(၂) ဦးနိုင်ဇော်လင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်မောင်စိုး၊ ဌာနအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဦးသန်းဝင်း၊ မြို့နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဦးမျိုးသီဟနှင့် ပါတီဝင်များ၊ ဦးနေမျိုးဇင်(မြန်မာ့လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေးအသင်း အတွင်းရေးမှူး၊ အထက(၂)လသာမှ ဘင်ခရာအဖွဲ့၊  ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အတွင်းရှိ အခြေခံ ပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်း ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ များ၊ ဆရာ၊ ဆရာမများ၊ ကင်းထောက်မောင်မယ်လေးများ၊ မြို့နယ်မီးသတ်၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများ၊ ပြည်သူများ စုစုပေါင်း(၃၀၀၀)ခန့်တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ဗိုလ်ချုပ်ကြေးရုပ်အား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မီးသတ်ဦးစီးဌာနရုံးရှေ့တွင် နိုင်ငံတော်အလံအား အလေးပြုကြပြီး စတင်ထွက်ခွာရာ ပင်လုံလမ်းမကြီးအတိုင်း အမှတ်(၃၃) ရပ်ကွက် သီတဂူဗုဒ္ဓတက္ကသိုလ် သို့ သယ်ဆောင်ခဲ့ရာ လမ်းတစ်လျှောက်တွင် မြို့နယ်အတွင်းရှိ ပြည်သူများမှ အလံငယ်များဝှေ့ရမ်း၍ ကြိုဆိုခဲ့ကြပြီး ဗိုလ်ချုပ်ကြေးရုပ် ခေတ္တထားရှိမည့် သီတဂူဗုဒ္ဓတက္ကသိုလ်ကျောင်းတိုက်သို့ ရောက်ရှိပြီး ဗိုလ်ချုပ်ကြေးရုပ်အား ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် အမှတ်(၃၃)ရပ်ကွက်နှင့် အမှတ်(၃၄)ရပ်ကွက် ကြားရှိ ငမိုးရိပ်ချောင်းကူး ဘေလီ တံတားထိပ်၊ ပါရမီလမ်းလယ်ကျွန်းတွင် ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ထားရှိ၍ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့တွင် ဖွင့်ပွဲအခမ်းအနား ပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်ထုကို ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၂၀)ရပ်ကွက်၊ ဂျိုးဖြူလမ်းရှိ ကြေးသွန်း ပညာရှင် ဦးအောင်ကျော်ထွန်း(လင်္ကာဒီပကြေးသွန်းဆိုင်)မှ ထုလုပ်ပြီးအမြင့် ၉ ပေရှိပြီး ကြေးပိဿာချိန် ၃၀၀ ဖြင့် တည်ဆောက်ထားကာ ရုပ်ထုအလေးချိန် တန်ဝက်ရှိကြောင်း၊ တန်ဖိုးငွေကျပ် သိန်း ၁၃၀ ကုန်ကျခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment