Latest News

Wednesday, January 31, 2018

တနိုင်းဒေသမှ ရွှေ့ပြောင်းအလုပ်သမား ၇၉ ဦးအား မီးရထားဖြင့် နေရပ်ဒေသသို့ ပြန်လည်ပို့ဆောင်

တနိုင်းဒေသမှ ရွှေ့ပြောင်းအလုပ်သမား ၇၉ ဦးအား မီးရထားဖြင့် နေရပ်ဒေသသို့ ပြန်လည်ပို့ဆောင်

မိုးကောင်း ဖေဖော်ဝါရီ ၁

 ကချင်ပြည်နယ် တနိုင်းဒေသ ရွှေမှော်၊ပယင်းမှော်များမှ နယ်မြေအခြေအနေအရ နေရပ်ဒေသသို့ ပြန်ကြမည့် ရွှေ့ပြောင်းအလုပ်သမား(၇၉)ဦး ဇန်နဝါရီ၃၁ရက် ည၉နာရီခွဲက မိုးကောင်းမြို့သို့ ရောက်ရှိလာရာ တာဝန်ရှိသူများ စေတနာရှင်အလှူရှင်များက မိုးကောင်းသာသနာ့ဗိမ္မာန်တွင် ယာယီနေထိုင်နိုင်ရေး စားသောက်ရေးများ စီစဉ်ပေးထားကြောင်း သိရသည်။

 တနိုင်းဒေသ ရွှေမှော်၊ပယင်းမှော်များဖြစ်ကြသည့် နမ့်ကွမ်းမှော်၊ဇီးဖြူကုန်းမှော်များမှ ရွှေ့ပြောင်းအလုပ်သမား အမျိုးသား/သမီးနှင့် ကလေးသူငယ် စုစုပေါင်း(၇၉)ဦးသည် UD-၁၀ဘီးယာဉ်ဖြင့် မိုးကောင်းမြို့သို့ရောက်ရှိလာရာ မိုးကောင်းသာသနာ့ဗိမ္မာန်တော်ကြီးတွင် ညအိပ်တည်းခိုခွင့်ပြုထားပြီး စားသောက်ရေးနှင့် လုံခြုံရေးတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာရှင် အလှူရှင်များမှ စီစဉ်ပေးထားကာ ဖေဖော်ဝါရီ၁ရက် နံနက်၉နာရီခွဲက မြစ်ကြီးနား-မန္တလေး အမှတ်(၄၂)အစုန် ဒုတိယအမြန်ရထားဖြင့် နေရပ်ဒေသသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဝင်းနိုင် ကချင်မြေ(မြန်​မာ့အလင်း)

No comments:

Post a Comment