Latest News

Friday, January 5, 2018

ဒုတိယကမ္ဘာစစ် ပြီးဆုံးချိန်မှစ၍ ဂျပန်က အကြီးမားဆုံးသော အန္တရာယ်နှင့် ရင်ဆိုင်နေရဟု အာဘေးပြော

ဒုတိယကမ္ဘာစစ် ပြီးဆုံးချိန်မှစ၍ ဂျပန်က အကြီးမားဆုံးသော အန္တရာယ်နှင့် ရင်ဆိုင်နေရဟု အာဘေးပြော

ဂျပန်နိုင်ငံသည်  ဒုတိယ ကမ္ဘာစစ်ပြီးဆုံး ချိန်မှစ၍ လက်ခံနိုင်ဖွယ်မရှိသော ရန်စမှုများကြောင့်   အကြီးမားဆုံး သော အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက ဇန်နဝါရီ ၄ ရက်တွင်ပြောသည်။ ထို့ကြောင့် ဂျပန်ပြည်သူများကို ကာကွယ် ရန်အတွက် နိုင်ငံ၏ကာကွယ်ရေးကို တိုးမြှင့်သွားမည်ဟု အာဘေးက နှစ်သစ်ကူးသတင်း စာရှင်းလင်းပွဲ၌ သတင်းထောက်များအား ပြောသည်။

ဒေသတွင်းတင်းမာမှုများ မြင့်တက်နေစဉ် အထူးသဖြင့် မြောက်ကိုရီးယားက ၎င်းတို့၏ ဆဋ္ဌမမြောက်နှင့် အကြီးမား ဆုံးသော နျူကလီးယား စမ်းသပ်မှုကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင်လုပ်ဆောင်ကာ နိုဝင်ဘာလတွင်  အမေရိကန် ပြည်ထောင်စု တစ်ခုလုံးနီးပါးသို့  ပစ်ခတ်နိုင်သည့် တိုက်ချင်းပစ် ပဲ့ထိန်း ဒုံးကျည်တစ်စင်းကို  စမ်းသပ် ပစ်ခတ်ပြီးနောက်ပိုင်း  အာဘေး၏ ပြောဆိုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဂျပန်အစိုးရအနေဖြင့် နိုင်ငံနှင့်ပြည်သူများကို ကာကွယ်ရန်အတွက် ကာကွယ်ရေး ကဏ္ဍကို တိုးမြှင့်သွားမည်ဟု ၎င်းကပြောသော်လည်း အတိအကျရှင်းလင်း ပြောဆိုခြင်း မရှိပေ။ ဂျပန်နိုင်ငံသည် စစ်အသုံးစရိတ်ကိုပြီးခဲ့ သည့် လက ယန်း ၅ ဒသမ ၁၉ ထရီလီယံ အထိ စံချိန်တင်တိုးမြှင့်ခဲ့ပြီး မြောက်ကိုရီးယား၏ ပဲ့ထိန်း ဒုံးကျည် ကာကွယ် ရေး အတွက် အပို အသုံးစရိတ်အဖြစ် ယန်း ၁၃၇ ဘီလီယံ သုံးစွဲရန် သဘောတူခဲ့ကြောင်း သိရသည်။(MWD)

No comments:

Post a Comment