Latest News

Friday, January 5, 2018

ဇလုံတောင်တက်ကားလမ်း ပြီးစီး ၍ဘုရားဖူးယာဉ်များသွားလာနိုင်

ဇလုံတောင်တက်ကားလမ်း ပြီးစီး ၍ဘုရားဖူးယာဉ်များသွားလာနိုင်

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်ဗန်းမောက် မြို့  ဇလုံတောင်သို့ နိုဝင်ဘာ လတတိယပတ်မှ စတင်၍ ဘုရားဖူးယာဉ်များ သွားလာခဲ့ကြရာယခုအခါ မိုးရွာသွန်းခဲ့  ခြင်းကြောင့် လမ်းပိုင်း၏အချို့ နေရာများမှာပျက်စီးခဲ့သဖြင့်ဘုရာဖူးယာဉ်များသွားလာမှု ခေတ္တရပ်ဆိုင်း
ထားကြောင်းသိရသည်။

  ဗန်းမောက်မြို့ နှင့် ဇလုံတောင်သည် ၁၄ မိုင်ကျော်ဝေးသည်။ဇလုံတောင်ကားကြီးဝင်းမှဇလုံတောင်ရင်ပြင်အထိ၁၂ မိုင်  ခန့် ရှိ သည်။တောင်ဆင်းတောင်တက်ကားလမ်းဖြစ်သည်။ ကတ္တရာ
လမ်းမဟုတ် ၍မိုးရွာလျှင်  ကားဘီးများချော်သည်။  ကားဘီး ။ဆိုင်ကယ်ဘီးများကို ရွှံ့မြေများကပ်သည်။ပြည်သူများယာဉ်ထိခိုက်မှုအန္တရာယ်ရှိနိုင်ခြင်းကြောင့်KBS ကုမ္ပဏီ လီမိတက် ကပျက်စီးခဲ့သော လမ်းပိုင်းအချို့ အားစက်ယန္တယားများဖြင့် ပြုပြင်ပေး ခဲ့ ပြီးဖြစ်သည်။

     ဘုရားဖူး ယာဉ်များသည်ဇန္နဝါရီ ၅ ရက်နေ့ မှစတင်၍ ဇလုံတောင် သို့ အန္တရာယ်ကင်းစွာသွာလာနိုင် ကြ ပြီ ဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ​ဆီမီးခုံ -နန်းရီ(မြန်​မာ့အလင်း)

No comments:

Post a Comment