Latest News

Wednesday, January 17, 2018

ခလေးစစ်သားတစ်ဦးအား တပ်တွင်းမတရားမှူ့တွေဖော်ထုတ်ပြောဆိုသည်ဟုဆိုကာစစ်တပ်ကိုယ်စားကြည်းတပ်မှ တရားစွဲ

ခလေးစစ်သားတစ်ဦးအား တပ်တွင်းမတရားမှူ့တွေဖော်ထုတ်ပြောဆိုသည်ဟုဆိုကာစစ်တပ်ကိုယ်စားကြည်းတပ်မှ တရားစွဲ



ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်တရားရုံးတွင် ခလေးစစ်သားဟောင်းဖြစ်သူအောင်ကိုထွေးအား တပ်တွင်းမတရားမူ့များဖော်ထုတ်ပြောဆိုသော်ကြောင့်ရန်ကုန်တိုင်းစစ်ဌာနချူပ်ကိုယ်စား ကြည်းတပ်မှ ဒုဗိုလ်မှူးကြီးဦးမျိုးမြင့်အောင် ကပြစ်မှူဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ)နှင့်
ှတရားစွဲဆိုထားကြောင်းသတင်းရ ရှိသည်

့တပ်မတော်တွင်အောငိကိုထွေးသည်ခလေးစစ်သားအဖြစ်အသက်၁၃နှစ်တွင်တာဝန်ထမ်းဆောင်ခဲ့သည်ယင်းနောက် ၎င်းသည် တပ်မှထွက်ပြေးခဲ့သည် တပ်မတော်မှ အောင်ကိုထွေးအားတပ်ပြေးအဖြစ် ထောင်ဒဏ်၎နှစ် ချမှတ်ခဲ့သည် ဟု ဒီမိုကရေစီအင်အားစု မှဦးဌေးအောင်ထံမှသိရှိရသည်

်တပ်ပြေးအဖြစ်ထောင်မှလွှတ်မြောက်လာစဉ်တပ်မတော်နှင့်ပက်သက်သည့်တပ်တွင်းမတရားမှူ့များကိုRFAသတင်းဌာနတွင်အင်တာဗျူးဖြေကြားပြောဆိုသည်
အဆိုပါလုပ်ရပ်ကြောင့်
8.8.2017ခုနှစ်တွင် စတင်တရားစွဲဆိုခြင်းခံရကြောင်းသတင်းရ ရှိသည်

"ဒီဖြစ်စဉ်ဟာ မှန်ကန်တယ်လို့ကျွန်တော်မြင်ပါတယ် သူတွေ့ကြုံ ခံစားခဲ့ရတာဟာ ပြောဆို ပိုင်ခွင့်ရှိပါတယ် တပ်မတော်ဟာ နိုင်ငံတော်မဟုတ်ဘူးလေ အဲဒီအတွက်နိုင်ငံတော် အကြည်ညို ပြက်စေမှူ့နှင့်စွဲဆိုခြင်းသည် မှားယွင်းသောလုပ်ရပ်သာဖြစ်ပါတယ် "ဟု ဦးဌေးအောင်မှတိုင်းဧရာကိုပြောသည်

စွဲဆိုခံ အမှူတစ်ခုသည် အပြစ်ဒဏ် အဖြစ် ၆လထက်ပိုသောပုဒ်မများဖြစ်နေလျှင် ကျင့်ထုံး ဥပဒေအရ တရား သူကြီး မှအခြေအနေ ကိုထောက်ရှူပြီး စွဲချက်အမိန့်ချရသည် သို့မှသာတရားခံ အနေဖြင့် ကြိုးကြောင်းခိုင်လုံစွာ ပြန်လည် ခြေပခွင့်ရမည် ဟု ၎င်းက ဆက်လက်ပြောကြားသည်

ယနေ့ရုံးချိန်းတွင် တပ်မှ တရားစွဲထားသောအချက်အလက် များအား တရားစွဲဆို ခံရသူ ခလေးစစ်သားဟောင်းအောင်ကိုထွေးမှ တရားရုံးတွင် ဥပဒေနှင့်အညီ ဆက်လက်ချေပထားသည်

"အမှူသဘောသဘာဝ အရ တရားလိုနှင့် လိုပြသက်သေ များအားစစ်ဆေးပြီးချိန် စွဲချက်အမိန့်ချရတယ် ဒါဥပဒေရဲ့လုပ်ထုံးလုပ်နည်းပါတဖက်ရဲ့စွတ်စွဲချကိကြောင့် အပြစ်တန်းပေးလို့မရသလိုစွတ်စွဲခံရသူကိုလည်းလွှတ်ပေးလို့မရပါဘူး"ဟု ဒီမိုကရေစီ အင်အားစုမှ ဦးဌေးအောင်မှ အဆိုပါဖြစ်စဉ်နှင့်ပက်သက်ပြီးတိုင်းဧရာကိုပြောသည်

လက်ရှိတွင်အမှူ့ဖြစ်စဉ်အရ အောင်ကိုထွေးနှင့်စံပြသက်သေများအားစစ်ဆေးမည် ပြီးနောက် နှစ်ဖက်လျှောက်လွဲချက်တင်ပြီးမှအမိန့်ချမည်ဟု ၎င်းမှဆက်လက်ပြောသည်

ဇန်နဝါရီ ၃၁ရက်နေ့တွင် ရုံးချိန်းထက်မံချိန်းဆိုထားပြီးအောက်ကိုထွေးအားILOမှ ခလေးစစ်သားအဖြစ်အသိအမှတ်ပြုထားသူတစ်ဦးဖြစ်သည်ဟုသတင်းရ ရှိသည်

ရွှေရည်ဝင်း

No comments:

Post a Comment