Latest News

Wednesday, January 17, 2018

ပုသိမ်တွင် နှစ်ပေါင်း ၁၀၀ ရှိ သုဿန် ကို သဂြိလိရန်မြေနေရာမရှိသဖြင့်ပိတ်သိမ်းမည်

ပုသိမ်တွင် နှစ်ပေါင်း ၁၀၀  ရှိ သုဿန် ကို သဂြိလိရန်မြေနေရာမရှိသဖြင့်ပိတ်သိမ်းမည်

ပုသိမ်၊ ဇန်န၀ါရီလ ၁၆ရက်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် ၁ ရပ်ကွက် သစ်ညိုကုန်း ရပ်ကွပ်ရှိ သစ်ညိုကုန်း သုဿန် အား သဂြိလိရန်မြေနေရာလွတ်မရှိသော်ကြောင့် သုသာန်ပိတ်သိမ်း နိုင်ရေး အတွက် ပုသိမ်မြို့နယ် နှင့် ပုသိမ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ၏ သဘောထား ရရှိရန် ၂၀၁၇ ဇန်နဝါရီ လအတွင်းက စာတင်အကြောင်းကြား ဆောင်ရွက်ထားကြောင်း ပုသိမ်မြို့ စည်ပင်သာယာရေး ကော်မတီ ရုံးမှသိရသည်။

သဂြိလ်ရန်မြေနေရာ မရှိတော့ခြင်း ၊ လူနေအိမ်ခြေ များနှင့် နီးကပ်စွာ ရှိလာခြင်း၊ သဂြိင်္ုလ်သည့် မြေနေရာထပ်ကာ တူးဖေါ်ရသဖြင့် အချင်းများမှု ရှိနေခြင်း တို့ကြောင့် လက်ရှိ အနေထားတွင် ယင်းသုဿန် အတွင်း သင်းင်္ဂြိုလ် ခြင်းကို ခွင့်မပြုတော့ကြောင်း ၊ ယင်းသုဿန်မြေ နေရာမှာ သာသနာ/သုဿန် မြေဟု မြေစာရင်း တွင်ပေါ်ပေါက် နေသည့် အတွက် အပြီးသတ် ပိတ်သိမ်း နိုင်ရန် အစိုးရ အဖွဲ့ နှင့် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီး၏ သဘောထား ရရှိရန် ဆောင်ရွက် ရခြင်း ဖြစ်ကြောင်း ပုသိမ်မြို့ စည်ပင်သာယာ ကော်မတီ ဥက္ကဌ ဦးဇော်ထွန်းခိုင်ကပြောသည်

“နှစ်ပေါင်း တစ်ရာ ၀န်းကျင်ဆိုတော့ မြေနေရာ တွေ ကြပ်လာတယ် သုဿန်စောင့် ၀န်ထမ်းက အစမရှိတော့ဘူး ၊သုဿန်ကို ဖျက်သိမ်း ရွေ့ပြောင်း ဖို့မဟုတ်ဘူး ပိတ်သိမ်း ဖို့ပါ ၊ လူမှုရေး ကျန်းမာရေး ရူထောင့် တွေအရ မသင့်တော် တော့တဲ့အတွက် ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက် အရ ပိတ်သိမ်းဖို့ စီစဉ်နေတာပါ “ ဟု ၄င်းက ဆက်လက် ပြော ကြားသည်။

ယခင်က မြို့စွန် ရပ်ကွက် အဖျား တွင်ရှိနေခဲံ့ သော်လည်း ယခု အခါ သုဿန် ပတ်လည်တွင် လူနေရပ်ကွက် သစ်များတိုးချဲ့ လာသဖြင့် သုဿန်မှာ ရပ်ကွက် လူနေအိမ်များ၏ အလယ်ဗဟို နီးနီး တွင်ဖြစ်လာကြောင်း ၊ အင်္ဂလိပ် အစိုးရ လက်ထက် ကပင် ရှိနေခဲ့သော သုဿန်ဖြစ်ကြောင်း ယင်းရပ်ကွက် နေထိုင်သူများက ဆိုသည်။

အဆိုပါနေရာတွင် ၁၉၂၀ ကျောင်းသားသပိတ် ခေါင်းဆောင် ပုသိမ် ဇာတိ ၎င်းရပ်ကွက်နေ ဦးထွန်းဝင်း ရဲ့ ဂူဗိမ္မာန် ရှိနေသည်

၁၉၉၂ ခုနှစ်က ပုသိမ် မြို့တွင် အမှတ် ၈ ရပ်ကွက် ရှိ မဟာဗောဓိ သုဿန် ၊ အမှတ် ၃ ရပ်ကွက်ရှိ သိမ်တော်ကြီး သုဿန် နှင့် အမှတ် ၁၅ ရပ်ကွက်ရှိ မြက်တို သုဿန် ၊ တို့ကို  ဖျက်သိမ်း ကာ အမှတ် ၈ ရပ်ကွက်  သရောင်းချောင်း ရပ်တွင် သချောင်းချောင်း သုဿန်သစ် ဖွင့်လှစ် တည်ဆောက်၍ ပြောင်းရွေ့ခဲ့ကြောင်း၊ ယင်းသုဿန် အဟောင်း မြေနေရာများ တွင် လူနေရပ် ကွက်များ တိုးချဲ့ခဲ့ကြောင်း ပုသိမ်မြို့ စည်ပင်သာယာရေး အဖွဲ့မှသိရသည်။

ရွှေရည်ဝင်း

No comments:

Post a Comment