Latest News

Friday, January 19, 2018

မန်ယူနှင့် သဘောတူညီမှုအရ ဆန်းချက်ဇ် တစ်ပတ်ပေါင် လေးသိန်းခွဲရမည် ဆန်းချက်ဇ်ကို လေးနှစ်ခွဲစာချုပ် ချုပ်ရန် မန်ယူ ပေါင် သန်း ၁၇ဝ သုံးဖွယ်ရှိ

မန်ယူနှင့် သဘောတူညီမှုအရ ဆန်းချက်ဇ် တစ်ပတ်ပေါင် လေးသိန်းခွဲရမည် ဆန်းချက်ဇ်ကို လေးနှစ်ခွဲစာချုပ် ချုပ်ရန် မန်ယူ ပေါင် သန်း ၁၇ဝ သုံးဖွယ်ရှိ

မန်ချက်စတာ ဇန်နဝါရီ ၁၈

အာဆင်နယ်အသင်းမှ ချီလီတိုက်စစ်မှူး ဆန်းချက်ဇ်သည် မန်ယူအသင်းသို့ ပြောင်းရွှေ့ရန် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက် ရပြီဖြစ်ကြောင်း ဒေးလီးမေးလ်သတင်းစာက ယနေ့တွင် ရေးသားဖော်ပြခဲ့သည်။

အဆိုပါ သဘောတူ ညီချက်အရ ဆန်းချက်ဇ်သည် မန်ယူတွင် တစ်ပတ်ဝင်ငွေ ပေါင်လေးသိန်းခွဲအထိ ရရှိပြီး ပရီးမီး ယားလိဂ်၌ လစာအများဆုံး ရရှိမည်ဖြစ်သည်။ ဆန်းချက်ဇ်အတွက် မန်ယူအသင်းသည် အခြေခံ  တစ်ပတ် လစာပေါင်   သုံးသိန်းခွဲ၊ ရုပ်ပုံ အသုံးပြုခမူပိုင်ခွင့်အတွက် ပေါင်တစ်သိန်းနှင့်စာချုပ်ကြေးအဖြစ် တစ်နှစ် ပေါင် ခုနစ်သန်းခွဲပါ ရရှိမည်ဖြစ်သည်။ ဆန်းချက်ဇ်ကို မန်ယူအသင်း အပြီးသတ်ခေါ်ယူနိုင်ရေးတွင် အာဆင်နယ်ဘက်မှ မန်ယူကွင်းလယ် ကစားသမား အမ်ခီ တာယန်ကို ပြန်လည်ခေါ်ယူရေးအတွက် ညှိနှိုင်းရန် ကျန်သေး သောကြောင့်သာ တရားဝင်စာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသေးခြင်းဖြစ်သည်။

ဆန်းချက်ဇ်အတွက် မန်ယူအသင်း သည် အာဆင်နယ်ထံ ပြောင်းရွှေ့ကြေးပေါင် သန်း ၂ဝ နှင့်အေးဂျင့်အတွက် ပေါင် ၁၅ သန်းပေးခြင်းကို နှစ်သင်းကြား သဘောတူညီမှုရပြီးဖြစ်သော်လည်း အာဆင်နယ်ဘက်မှ မန်ယူကွင်းလယ်ကစားသမား အမ်ခီတာယန်ကို ပြန်လည်ခေါ်ယူမှုမှာ ဆန်းချက်ဇ် အပြောင်းအရွှေ့မှ ငွေကြေးနှ င့်မပတ်သက်ဘဲ သီးသန့်သဘော မျိုးရှိနေသည်။

အမ်ခီတာယန်က မိမိအနေဖြင့် အာဆင်နယ်အသင်း၏ အမြန်တိုက်စစ်ဆင်ကစားဟန်မျိုးကို   ကြိုက်သည်ဟု ပြောပြီးဖြစ်သော်လည်း လက်ရှိမန်ယူတွင်ရရှိနေသော တစ်ပတ်လစာ ပေါင် ၁၄ဝဝဝဝ  ထက် ပိုသောလစာကို တောင်းဆိုထားပြီး ကာလရှည် စာချုပ်တစ်ရပ် ချုပ်ဆိုလိုရာတွင်တစ်ပတ်ပေါင် နှစ်သိန်းအထိ တောင်းဆိုထားသည်။

ဆန်းချက်ဇ် မန်ယူတွင် ရရှိမည့် လစာနှုန်းထားသည် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းရရှိသော လစာထက် လေးဆပိုများမည်ဖြစ်ကာ လေးနှစ်ခွဲစာချုပ်သက်တမ်းအတွင်း ၎င်းအတွက် မန်ယူအသင်း အသုံးပြုရမည့် ငွေကြေးမှာ ပေါင် သန်း ၁၇ဝ အထိ ရှိမည်ဖြစ်သည်။

ယခင်မန်ယူတွင် တစ်ပတ်ဝင်ငွေအများဆုံး ကစားသမားမှာ လစာနှင့်သွင်းဂိုးအတွက် အပိုဆုကြေးပေါင် ၄၂၂ဝဝဝ ရရှိသည့် တိုက်စစ်မှူး  မိုဗစ်ခ်ျဖြစ်ပြီး  ယခုဆန်းချက်ဇ်မှာ ထိုစံချိန်ကိုချိုးဖျက်ပြီး ပရီး မီးယား လိဂ်တွင် လစာအများဆုံးရသည့် ကစားသမားအဖြစ် စံချိန်တင်မည်ဖြစ်သည်။(MWD)

No comments:

Post a Comment