Latest News

Monday, January 29, 2018

အကြိမ်(၂ဝ)မြောက် ဂရန်းဆလမ်းဆုဖလားကို ရယူနိုင်ခဲ့ပြီဖြစ်တဲ့ ဆွစ်ဇာလန်တင်းနစ်အကျော်အမော် ရော်ဂျာဖက်ဒဲရား

အကြိမ်(၂ဝ)မြောက် ဂရန်းဆလမ်းဆုဖလားကို ရယူနိုင်ခဲ့ပြီဖြစ်တဲ့
ဆွစ်ဇာလန်တင်းနစ်အကျော်အမော် ရော်ဂျာဖက်ဒဲရား


ဆွစ်ဇာလန်တင်းနစ်အကျော်အမော်      ရော်ဂျာဖက်ဒဲရားဟာ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ကျင်းပခဲ့တဲ့ သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲရဲ့   အမျိုးသားတစ်ဦးချင်း    နောက်ဆုံးဗိုလ်လုပွဲမှာ ခရိုအေးရှားပရော်ဖက်ရှင်နယ် တင်းနစ်ကစားသမား မာရင်စီလစ်ကို အနိုင်ရရှိခဲ့ပါတယ်။

အေတီပီတစ်ဦးချင်းအဆင့်မှာ ကမ္ဘာ့အဆင့်(၂)နေရာကို ရယူ ထားခဲ့တဲ့ ရော်ဂျာဖက်ဒဲရားဟာ အဲဒီဗိုလ်လုပွဲစဉ်မှာ မာရင်စီလစ်ကို ၆-၂၊ ၆-၇(၅-၇)၊ ၆-၃၊ ၃-၆၊ ၆-၁ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အဲဒီလိုနိုင်ပွဲရရှိခဲ့ခြင်းဟာ   ရော်ဂျာဖက်ဒဲရားအတွက်တော့      သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့အမျိုးသားတစ်ဦးချင်းပြိုင်ပွဲမှာ    ခြောက်ကြိမ်မြောက် ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်ဂျာဖက်ဒဲရား ဟာ အဓိကပြိုင်ပွဲကြီးလေးရပ်တွင် အမျိုးသားတစ်ဦးချင်း ချန်ပီယံ  အဖြစ် ဂရန်းဆလမ်းဆုဖလားကို အကြိမ်(၂ဝ)အထိ ရယူနိုင်ခဲ့တဲ့ တင်းနစ်ကစားသမားတွေထဲမှာ လေးဦးမြောက်ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ ရော်ဂျာဖက်ဒဲရားရဲ့ အရင်ကတော့ ဂရန်းဆလမ်း ဆုဖလားကို အကြိမ်(၂ဝ)အထိရယူနိုင်ခဲ့တဲ့ တင်းနစ်ကစားသမားတွေ ကတော့ မာဂရက်ကို့၊ ဆရီနာဝီလျံနဲ့ စတက်ဖီဂရက်ဖ်တို့ပဲ ဖြစ်ပါတယ်။

ဆွစ်ဇာလန် တင်းနစ်အကျော်အမော် ရော်ဂျာဖက်ဒဲရားအနေနဲ့ အခုတစ်ကြိမ် သြစတြေးလျအိုးပင်းတင်းနစ်ဆုဖလား ရရှိလိုက်ခြင်းဟာ ခြောက်ကြိမ်မြောက်ရရှိခဲ့တာဖြစ်သလို တင်းနစ်လောကရဲ့ပြိုင်ဘက်တွေ ဖြစ်တဲ့ ဂျိုကိုဗစ်နဲ့ အီမာဆန်တို့နဲ့အတူ သြစတြေးလျအိုးပင်းတင်းနစ် ဆုဖလားရရှိမှု တူညီသွားခဲ့ပြီလည်းဖြစ်ပါတယ်။

ဂရန်းဆလမ်းဆုဖလား အများဆုံးရရှိထားခဲ့တဲ့ တင်းနစ်ကစား သမားစာရင်းမှာတော့ ရော်ဂျာဖက်ဒဲရားက အကြိမ်(၂ဝ)၊ ရာဖေးလ် နာဒယ်က (၁၈)ကြိမ်၊ ပီတီဆမ်ပရက်စ်က (၁၆)ကြိမ်၊ အီမာဆန်က (၁၄)ကြိမ်၊ ဂျိုကိုဗစ်က (၁၂)ကြိမ် စသဖြင့် အသီးသီးရယူထားနိုင်ခဲ့ ကြပါတယ်။

ရော်ဂျာဖက်ဒဲရားရဲ့ အဓိကပြိုင်ပွဲကြီးလေးရပ်ဖြစ်တဲ့ သြစတြေး လျအိုးပင်း၊ ပြင်သစ်အိုးပင်း၊ ဝင်ဘယ်ဒန်၊ အမေရိကန်အိုးပင်းတို့မှာ တစ်ဦးချင်းဂရန်းဆလမ်းချန်ပီယံဆုကို အကြိမ်(၂ဝ)အထိ ရယူနိုင်ခဲ့ ရာမှာ သြစတြေးလျအိုးပင်းပြိုင်ပွဲမှာ ၂ဝဝ၄၊ ၂ဝဝ၆၊ ၂ဝဝ၇၊ ၂ဝ၁ဝ၊ ၂ဝ၁၇၊ ၂ဝ၁၈ တို့မှာ ခြောက်ကြိမ်၊ ပြင်သစ်အိုးပင်းပြိုင်ပွဲမှာ ၂ဝဝ၉ က တစ်ကြိမ်၊ ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ ၂ဝဝ၃၊ ၂ဝဝ၄၊ ၂ဝဝ၅၊ ၂ဝဝ၆၊ ၂ဝဝ၇၊ ၂ဝဝ၉၊ ၂ဝ၁၂၊ ၂ဝ၁၇  တို့မှာ ရှစ်ကြိမ်နှင့် အမေရိကန်အိုးပင်း ပြိုင်ပွဲမှာ ၂ဝဝ၄၊ ၂ဝဝ၅၊ ၂ဝဝ၆၊ ၂ဝဝ၇၊ ၂ဝဝ၈ တို့မှာ ငါးကြိမ် စသဖြင့် ဆုဖလားတွေ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရော်ဂျာဖက်ဒဲရားဟာ အဲဒီပြိုင်ပွဲတွေမှာ ဆုဖလားတွေရယူနိုင် ခဲ့သလို ၂ဝဝ၈ ပေကျင်းအိုလံပစ်ပြိုင်ပွဲမှာ နှစ်ယောက်တွဲချန်ပီယံဖြစ်ခဲ့ ပြီး ၂ဝ၁၂ လန်ဒန်အိုလံပစ်ပြိုင်ပွဲမှ တစ်ဦးချင်း ချန်ပီယံဖြစ်ခဲ့ဖူးသူပါ။
ငွေကြယ်(​ကြေးမှုံ)

No comments:

Post a Comment