Latest News

Tuesday, January 30, 2018

ဘီးလင်းမြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြားရောင်းဝယ်သူများကို ထပ်မံဖမ်းမိ

ဘီးလင်းမြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြားရောင်းဝယ်သူများကို ထပ်မံဖမ်းမိ

သထုံ   ဇန်နဝါရီ     ၃ဝ

ဘီးလင်းမြို့နယ်     တောင်စွန်းနယ်မြေ အတွင်း စိတ်ကြွရူးသွပ်ဆေးပြားရောင်း ဝယ်သူများကို    ဇန်နဝါရီ ၂၈ ရက်  ည  ၉  နာရီခန့်က   သက်ဆိုင်ရာမှ  ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

သထုံခရိုင်  မှုခင်းနှိမ်နင်းရေးဌာနမှ ရဲအုပ်အောင်သူနှင့်      တပ်ဖွဲ့ဝင်များ၊  တောင်စွန်းနယ်မြေရဲစခန်းမှ    ရဲအုပ် ဟန်တင့်နှင့် တပ်ဖွဲ့ဝင်များသည် မူးယစ် ဆေးဝါးသတင်းရရှိ၍   ဘီးလင်းမြို့နယ်    ပေါက်တောကျေးရွာအုပ်စု      ကျုံကမိစု ကျေးရွာလမ်းဆုံ   တောင်ကုန်းကျောင်း ဘုန်းကြီးကျောင်းမုခ်ဦးရှေ့တွင် စောင့် ဆိုင်းနေစဉ်  ဆိုင်ကယ်မောင်းနှင်လာသည့် လင်းထက်အောင်(ခ)       ငထက်အား   ရပ်တန့်စစ်ဆေးရာ  ¤င်းလွယ်ထားသည့်  လွယ်အိတ်အတွင်းမှ  စိတ်ကြွရူးသွပ် ဆေးပြား ၁၉ ပြားနှင့်    လက်ကိုင်ဖုန်း တစ်လုံးတို့ကို           သိမ်းဆည်းရမိ ခဲ့သည်။

 စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ပတ် သက်၍ လင်းထက်အောင်(ခ)ငထက် အား  မေးမြန်းရာ တစ်ပြားလျှင် ငွေကျပ်  ၅ဝဝဝ နှုန်းဖြင့် ကင်းရွာကျေးရွာနေ စိုးသူ ထံမှာ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း    စုံစမ်း သိရှိရသဖြင့် ပူးပေါင်းအဖွဲ့သည်   စိုးသူ၏ နေအိမ်သို့ သွားရောက်ရှာဖွေရာ  တစ်စုံတစ်ရာရှာဖွေတွေ့ရှိခြင်းမရှိသဖြင့် စိုးသူ အား ဆက်လက်မေးမြန်းခဲ့ရာ အဆိုပါ ဆေးပြားများကို ပေါက်တောကျေးရွာနေ ကျော်စွာဝင်းထံမှ တစ်ပြားလျှင်  ငွေကျပ် ၄ဝဝဝ နှုန်းဖြင့်  ဝယ်ယူခဲ့သော ဆေးပြား များဖြစ်ကြောင်း သိရသည်။
ဆက်လက်၍   ပူးပေါင်းအဖွဲ့သည်    ကွင်းဆက်အရ ကျော်စွာဝင်း၏  နေအိမ် ကို   ဝင်ရောက်ရှာဖွေရာ   စိတ်ကြွရူးသွပ် ဆေးပြား ၅ဝ  နှင့်    ဆေးပြားရှူရာတွင် အသုံးပြုသည့်     ဂက်စ်မီးခြစ်တစ်လုံး၊   လေသေနတ်ခဲသီးအလုံး ၆၃ဝ၊  ဂက်စ် သေနတ်ဖြင့် ပစ်ခတ်သည့် ကော်စေ့အလုံး ၂ဝဝ ၊    ယမ်းတောင့်နှစ်တောင့်၊ နေအိမ်ခြံ ဝင်းအတွင်း ရပ်ထားသော 4D/ ---- PRELDE  ယာဉ် အတွင်းမှ     စိတ်ကြွ ရူးသွပ်ဆေးပြား ၁၂၄  ပြား၊ 6E/----- TOYATA    MARK IIယာဉ်၊ လေသေနတ် နှစ်လက်၊ ဂက်စ်သေနတ် နှစ်လက်၊     စိတ်ကြွရူးသွပ်ဆေးပြား ရောင်းရငွေဟု     ယူဆရသော ငွေကျပ် ၁၂၁၅၈ဝဝ  နှင့် လက်ကိုင်ဖုန်းတစ်လုံး တို့ကို           သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်            ပတ်သက်၍ လင်းထက်အောင်(ခ)ငထက်၊ ကျော်စွာ ဝင်းနှင့် စိုးသူတို့အား တောင်စွန်းနယ်မြေ ရဲစခန်းမှ   အမှုဖွင့်အရေးယူထားကြောင်း   သိရသည်။                                          
၁၃၈(မြန်​မာ့အလင်း)

No comments:

Post a Comment