Latest News

Tuesday, January 30, 2018

စစ်မှန်သည့်ချစ်ခြင်းတရားမှာ အလျော်အစားမပါဘူးဆိုသည့် "အနမ်းဝိုင်"

စစ်မှန်သည့်ချစ်ခြင်းတရားမှာ အလျော်အစားမပါဘူးဆိုသည့်
"အနမ်းဝိုင်"

စိန်ဌေး ရုပ်ရှင်ထုတ်လုပ်ရေးမှဝတ္ထု ဇာတ်ညွှန်း ပုညခင် ဒါရိုက်တာ အောင်မြတ်ရိုက်ကူးသည့် ''အနမ်း ဝိုင်''ရုပ်ရှင်ကို ဇန်နဝါရီ ၂၇ရက်က  သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံကြီးတွင်  စာနယ်ဇင်းမိတ်ဆက်အကြို အထူးပွဲပြသခဲ့သည်။  အနမ်းဝိုင် ရုပ်ရှင်ကားကြီးတွင်  အောင်ရဲလင်း၊ ဝတ်မှုံရွှေရည်၊ မင်းဦး၊  စိုးမြတ်သူဇာ၊ ဇော်ဦး၊  ကျော်ကျော်၊ မျိုးသ္တာထွန်း၊ ဝါဝါအောင်တို့မှပါဝင်သရုပ်ဆောင်ထားပြီး ချစ်ခြင်းမေတ္တာတွင် အလျော်အစားမရှိသလို  စိတ်ရင်းစေတနာတစ်ခုကို ငွေကြေးဖြင့်လဲလှယ်မရ နိုင်ကြောင်းကို  ဖော်ကျူးထားသည့် မေတ္တာဖွဲ့ဇာတ်ကားဖြစ်ပြီး  ဖေဖော်ဝါရီ ၂ရက်တွင် ပြသမည် ဖြစ်ကြောင်း သိရသည်။

ဇာတ်လမ်း ရည်ရွယ်ချက်
ဒီဇာတ်ကားက  ဒရာမာအချစ်ဇာတ်လမ်းအမျိုးအစားပါ၊  ဇာတ်ရဲ့  အဓိကရည်ရွယ်ချက်၊  တကယ့် အချစ်စစ် အချစ်မှန်တွေမှာ အလျော်အစားဆိုတာမရှိဘူး၊ စိတ်ရင်းစေတနာနှင့်  ကိုယ့်ချစ်သူ၏  ဘဝကို ငွေကြေး၊ ပစ္စည်းဥစ္စာနှင့် တန်ဖိုးဖြတ်မရသလို လဲလှယ်လို့ မရပုံ၊  လူတစ်ယောက်ဟာ တကယ် အကူအညီ လိုအပ်နေသောအချိန်မှာ  စေတနာနှင့် ကူညီခဲ့သည့်အခါ ပြန်ပြီး ကိုယ့်၏ ငွေကြေးဥစ္စာနှင့် ပုံအောပြီး ပြန်ဆပ်လည်း မကျေနိုင်ကြောင်း၊ ထိုလူလိုအပ်သောအခါ ကျေးဇူးတရားကို ပြန်ဆပ် ရင်လည်း မေတ္တာတရားနှင့်သာ ပြန်ဆပ်သင့်ကြောင်း၊  မိမိချစ်ခင်သူအပေါ် ရိုးသားမှုရှိရန်  ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာက  ချစ်သူဘက်က  ရဲရင့်စွာ ရပ်တည်နိုင်သူဖြစ်စေရန်။

ဇာတ်လမ်းအကျဉ်း
ဒေါ်မမရှင် ၏ မွေးစားသမီး လရိပ်အေး တောင်ကြီးမြို့ အနီးက ပအို့ဝ်ကျေးရွာလေးတစ်ရွာ ကနေ ခေါ်ယူမွေးစားခြင်းဖြစ်သည်၊ သမီးအရင်းနှင့်မခြား  ပြုစုပျိုးထောင်ပေးခဲ့သည်၊ ဒေါ်မမရှင်တွင် ကျန်းမာရေး ချူချာသော သားတစ်ယောက်ရှိသည်၊ သူ့နာမည်က  လင်းခိုင်၊ သူ့ကို  မောင်နှမအရင်းပမာ  စောင့်ရှောက်နေရပြီး လင်းခိုင် သွေးသွင်းရန်လိုအပ်တိုင်း လရိပ်အေး အမြဲလိုကူညီပေးခဲ့ရသည်၊  ထို့သို့ ကူညီခဲ့သော ကျေးဇူးတရားကို ဒေါ်မမရှင် တစ်ယောက် လရိပ်အေးကို ကျေးဇူးဆပ်သည့်အနေနှင့်  မိမိ၏ ငွေကြေး ဥစ္စာနှင့် အဖိုးတန်လက်ဆောင်များကို အမြဲလိုလို  ပြန်ပေးဆပ်ခဲ့သည်၊ သို့သော် လရိပ် အေး  မိခင်ဖြစ်သူ မကွယ်လွန်ခင်က  ချစ်ခြင်းမေတ္တာတရားတွင်  ငွေကြေး၊ ဥစ္စာ အလျော်အစား ဆိုတာ မရှိကြောင်း၊ မေတ္တာတရားသာ အဓိကကျကြောင်း ပြောဆိုဆုံးမခဲ့သည်၊  မိမိအပေါ် အလျော် အစားများဖြင့်သာ ရှင်သန်နေသော  ဒေါ်မမရှင်အပေါ်  မနှစ်မြို့သော်လည်း ကျေးဇူးတရားများကို ထောက်ရှု၍ မိမိဘဝကို ဖြတ်သန်းနေရသည့် လရိပ်အေး၊  တစ်နေ့မထင်မှတ်ဘဲ  သူနာပြုတက္ကသိုလ် ကျောင်းမှာ သူငယ်ချင်းများနှင့် တောင်ကြီးတန်ဆောင်တိုင်ပွဲကို သွားရောက်စဉ်မထင်မှတ်ဘဲ မိုးသက် ဆိုသည့် လူငယ်တစ်ယောက်နှင့် တွေ့ဆုံခဲ့သည်။  မိမိနှင့် သူငယ်ချင်းများ  မီးပုံးပျံပွဲတွင် ရုတ်တရက် အ္တရာယ်တစ်ခုနှင့် ကြုံစဉ်  လရိပ်အေးကို  ကယ်တင်လိုက်ခဲ့သည်။ ထို့ကြောင့်  မိုးသက်ကို သူမ ကျေးဇူးရှင်တစ်ယောက် အဖြစ်နှင့် တွေ့ချင်နေမိသည်၊ ထင်မှတ်မထားဘဲ  ဒေါ်မမရှင်က စပျစ်ခြံများကို လရိပ်အေးသွားရောက်ကြည့်ရှုရန်   ရုတ်တရက်စေလွှတ်ရာ   တောင်ကြီးမြို့သို့   တစ်ကျော့ ပြန်လည်ရောက်ရှိခဲ့သည်။ စပျစ်ခြံတွင်  မိုးသက်နှင့် ပြန်လည်တွေ့ဆုံခဲ့ပြီး သံယောဇဉ်တွေ  တွယ်ငြိပြီး ချစ်သူအဖြစ် ရောက်ရှိခဲ့ကြသည်။ ထိုသတင်းကို ဒေါ်မမရှင် ကြားသိလိုက်ရချိန်မှစ၍ သူ့သားဖြစ်သူ လင်းခိုင်ကို  လရိပ်အေးနှင့်သာ  ပေးစားမည်ဟု   ဆုံးဖြတ်ချက်ချပြီး  မိုးသက်ကို လရိပ်အေးနှင့် လင်းခိုင်တို့၏ ပတ်သက်မှုကို ရှင်းပြသည်၊ မိုးသက်နှင့် လရိပ်အေးကို နည်းအမျိုးမျိုးနှင့်  ခွဲသည်။ နောက်ဆုံးစစ်မှန်သော အချစ်တွေ ရှိကြသော ချစ်သူနှစ်ဦး မည်သို့ပင် ခွဲသော်လည်း ပေါင်းစည်းခဲ့ကြ သည်ကို ဒါရိုက်တာမှာ မြန်မာပြည်၏ သဘာဝအလှတရားများ နောက်ခံထားကာ ရိုက်ကူးပုံဖော်ထား ကြောင်း သိရသည်။
ကိုလင်း(မြန်​မာ့အလင်း)

No comments:

Post a Comment