Latest News

Friday, January 12, 2018

ရဲစခန်း နယ်​ထိန်း​ခေါင်း​ဆောင်​ရဲအုပ်​ ကို လိုင်​စင်​မဲ့ကား ကိစ္စ ဖြင့်​ ရဲတပ်​ဖွဲ့က ဖမ်းဆီးအ​ရေးယူထား

ရဲစခန်း နယ်​ထိန်း​ခေါင်း​ဆောင်​ရဲအုပ်​ ကို လိုင်​စင်​မဲ့ကား ကိစ္စ
ဖြင့်​ ရဲတပ်​ဖွဲ့က ဖမ်းဆီးအ​ရေးယူထား


ပေါင်​ရဲစခန်းမှ နယ်​ထိန်း​ခေါင်း​ဆောင်​ရဲအုပ်​ ကို လိုင်​စင်​မဲ့ကား
သယ်​​ဆောင်​သည့်​အဖွဲ့၌ပါဝင်​ခြင်း ၎င်း၏​နေအိမ်​​ရှေ့၌ လိုင်​စင်​မဲ့ကား တစ်​စီးစစ်​​ဆေး​တွေ့ရှိခြင်းတို့​ကြောင့်​ ရဲတပ်​ဖွဲ့
ကဖမ်းဆီးအ​ရေးယူထားသည်​ဟုသိရသည်

ဘားအံမြို့နယ်​ အိန္ဒု နားတွင်​ ရဲတပ်​ဖွဲ့က စစ်​​ဆေးစဉ်​ လိုင်​စင်​မဲ့ယာဉ်​ ၃စီးသယ်​​ဆောင်​ရာ၌ပါဝင်​​နေသဖြင့်​ ရဲအုပ်​သက်​စိုးဦးကို ဇန္နဝါရီလ ၁၁ ရက်​ည​နေ ၃နာရီခွဲကဖမ်းဆီးထားခဲ့ပြီး

၎င်း၏​နေအိမ်​ဖြစ်​​သော ​ပေါင်​မြို့နယ်​ ကျွဲခြံ​ကျေးရွာ မင်းလမ်း
အိမ်​အမှတ်​၉ ​ရှေ့၌ Ford Ranger အဖြူ​ရောင်​ ကားအား
ပေါင်​ရဲစခန်းမှုး ဒုရဲမှုးထွန်း​ဇော်​ဦးနှင့်​အဖွဲ့မှ ထို​နေ့ည​နေ၅နာ
ရီ​ကျော်​အချိန်​ကစစ်​​ဆေးစဉ်​ရဲအုပ်​သက်​စိုးဦးပိုင်​ကားဖြစ်​​ကြောင်း ယာဉ်​​မောင်းသူ မင်း​အောင်​မြင့်​မိုး (​အောင်​ ၀ပ်​​ရှော့ ​ပေါင်းရပ်​ကွက်​ ဘူတာပိုင်း)ကအစစ်​ခံချက်​အရ  ၎င်းတို့ကို ​ပေါင်​ရဲစခန်း(ပ)၁၁/၂၀၁၈ ပို့ကုန်​သွင်းကုန်​ဥပ​ဒေပုဒ်​မ ၈ အရ အ​ရေးယူထားသည်
Paung Daily

No comments:

Post a Comment