Latest News

Thursday, January 18, 2018

ဒိုက်ဦးမြို့ တွင်ညီကိုနှစ်ယောက်စီးလာသောဆိုင်ကယ်အားအမည် မသိ ယာဉ်မှဝင်တိုက်၍ညီနှစ်ဦးသေဆုံးကာယာဉ်မှာထွက်ပြေး

ဒိုက်ဦးမြို့ တွင်ညီကိုနှစ်ယောက်စီးလာသောဆိုင်ကယ်အားအမည်
မသိ ယာဉ်မှဝင်တိုက်၍ညီနှစ်ဦးသေဆုံးကာယာဉ်မှာထွက်ပြေး

 ဒိုက်ဦး  ဇန်နဝါရီ    ၁၈

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့ နယ် ပေါက်တပင်ကျေးရွာထိပ်ရန်ကုန်-မန္တလေးကားလမ်းမတွင်ဇန်နဝါရီလ ၁၈ ရက်နေ့ မနက် ၇ နာရီခန့် က ညီကိုနှစ်ယောက်စီးလာသောဆိုင်ကယ်အားအမည်မသိယာဉ်တစ်စီးမှဝင်တိုက်၍ညီကိုနှစ်ဦးအခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီးအမည်မသိယာဉ်မှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်းသိရသည်။

       ဖြစ်စဉ်မှာဒိုက်ဦးမြို့  ပေါက်တပင်ကျေးရွာရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင် အမှတ် ၇၉/၄နှင့်၅ အကြားခန့် တွင်ဆိုင်ကယ်တစ်စီးနှင့်လူနှစ်ယောက်လဲကျနေကြောင်းသတင်းအရဒုရဲအုပ်ကျော်မျိုးနိင်နှင့်အဖွဲ့  သက်သေများနှင့်အတူသွားရောက်စစ်ဆေးရာရန်ကုန်-မန္တလေးကားလမ်းအတိုင်းဒိုက်ဦးမှပဲခူးသို့  ဇေယျာ (၂၄)နှစ်  ရှမ်းစုကျေးရွာ ဒိုက်ဦးမြို့ နေသူ မောင်းနှင်ပြီး ညီဖြစ်သူ ကျော်ထက်အောင် (၁၅)နှစ် အဘတူလိပ်စာတူ လိုက်ပါ လာသောCZIအမျိုးအစား ၁၂၅ဖြူပြာကြားရုပ်ဆိုးဆိုင်ကယ် နောက်ပိုင်းအားယာဉ်ကြောတူနောက်မှယာဉ်အမျိုးအမည်မသိယာဉ်တစ်စီးမှဝင်တိုက်မိသဖြင့်ဆိုင်ကယ်မှာကားလမ်းယာဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့ပြီး အကိုဖြစ်သူ ဇေယျာမှာဦးခေါင်းပြားဒဏ်ရာ ညီဖြစ်သူကျော်ထက်အောင် မှာ ဝမ်းဗိုက်၊မေးစေ့၊ ယာနထင်။နှာခေါင်းပွန်းပဲ့ဒဏ်ရာများဖြင့် အခင်းဖြစ် နေရာတွင်သေဆုံးခဲ့ကြသည်၊သို့ပါ၍လူသေအောင်ယာဉ်မဆင်မခြင်မောင်းနှင်ထွက်ပြေးသူအားဖောင်တော်သီနယ်မြေရဲစခန်းက အမှုဖွင့်ကာယာဉ်နှင့်ယာဉ်မောင်းအား အမြန်ဆုံး ဖမ်းမိရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
            နေလင်း(ညောင်လေးပင်)မြန်​မာ့အလင်း

No comments:

Post a Comment